0:00 / 0:00
Nationalties Brotherhood Forum ခေါ် ညီနောင်တိုင်းရင်းသား မဟာမိတ် (၅) ပါတီ အစည်းအဝေးကို အောက်တိုဘာလ ၁၅ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ရာမှာ ဒီကိစ္စကို ဆွေးနွေးခဲ့ကြကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ တဦးဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က RFA ကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ တိုင်းရင်းသား ဒေသတွေမှာ အပစ်ရပ် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မဟာမိတ် (၅) ပါတီအနေနဲ့ အရင်က တောင်းဆိုခဲ့ပေမယ့် အစိုးရဘက်က အပြည့်အဝ အကောင်အထည် ဖော်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို RFA က ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။