ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က နိုင်ငံရေး ပါတီတွေ နေပြည်တော်ကို ဒီလ ၂၇ ရက်နေ့ လာရောက်ဖို့ ဆင့်ခေါ်လိုက်တာနဲ့ ပတ်သက်ပြီး မဟာမိတ် ၁၁ ပါတီက ရန်ကုန်မြို့မှာ ဒီကနေ့ အစည်းအဝေးကျင်းပခဲ့ကြောင်း၊ ဒီအစည်းအဝေးပွဲကနေ အခုလို ဆုံးဖြတ်လိုက်တဲ့ အကြောင်း ဒီမိုကရက်တစ် ပါတီ( မြန်မာ) ရဲ့ ဥက္ကဌ ဦးသုဝေက ပြောပါတယ်။ ရွေးကောက်ပွဲခုံရုံး ဆိုတာ ကော်မရှင်နဲ့ မသက်ဆိုင်ပဲ အပြင်က သမာသမတ် ရှိသူတွေနဲ့ ဖွဲ့စည်းထားတဲ့ရုံး ဖြစ်ကြောင်း၊ ကော်မရှင်ကို စွဲချက်တင်ရာမှာ ကော်မရှင်ကပဲ ဆုံးဖြတ်တယ်ဆိုတာ မမှန်ကန်တဲ့အကြောင်း စတာတွေကို ပြောပြမယ်လို့ ဦးသုဝေက ပြောပါတယ်။ အစိုးရသစ်လက်ထက် ပြင်ဆင် ဖွဲ့စည်းပြီး နောက်ပိုင်း ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို ပထမဆုံးအနေနဲ့ ဖိတ်ခေါ်လိုက်တာပါ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် အနေနဲ့ နိုင်ငံရေး ပါတီတွေကို မူဝါဒတွေ ရှင်းလင်း ပြောကြားဖို့ အပါအဝင် ကြားဖြတ် ရွေးကောက်ပွဲ ဆိုင်ရာ ညွှန်ကြားချက်တွေကို ထုတ်ပြန်ဖို့ ရှိနေတာလည်း ဖြစ်နိုင်တယ်လို့ ဦးသုဝေက သုံးသပ်ပါတယ်။ ဒီအကြောင်းဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
0:00 / 0:00
