အဲဒီ ၁၁ ပါတီထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းအမျိုးသား ပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ် ပါတီ-မြန်မာ စတဲ့ ပါတီတွေ ပါဝင်ပါတယ်။ ဒီမိုကရေစီ မိတ်ဆွေများ မဟာမိတ် ၁၁ ပါတီရဲ့ မဟာဗျူဟာနဲ့ ပါတ်သက်လို့ ညှိုနှိုင်း ဆွေးနွေးပွဲတွေ တက်ရောက်နေတဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကြည်သန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
0:00 / 0:00