မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ အရေးယူထားတာဟာ မြန်မာအစိုးရနဲ့ သက်ဆိုင်မှု မရှိဘူးလို့ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံထားရတဲ့ စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်က ပြောပါတယ်။
သမတသစ် ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ မတ်လ ၃၀ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် ခန်းမတွင် ကျမ်းသစ္စာ ကျိမ်ဆိုနေပုံ ဖြစ်ပါသည်။ (Photo: AFP / HO / MRTV)
ဒေါက်တာ ဦးမြင့်ဟာ အင်္ဂလိပ်စာ၊ နိုင်ငံရေးသိပ္ပံနဲ့ ဘောဂဗေဒ ဘီအေဘွဲ့ကို ရန်ကုန်တက္ကသိုလ်၊ ဘောဂဗေဒ မဟာဘွဲ့ကို အမေရိကန် ကောနဲလ် တက္ကသိုလ်နဲ့ ဘောဂဗေဒပါရဂူဘွဲ့ကို အမေရိကန် ဘာကလေမြို့ ကာလီဖိုးနီးယား တက္ကသိုလ်တို့က ရရှိခဲ့ပြီး၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်မှာ ကထိက ဌာနမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့အပြင် ESCAP လို့ခေါ်တဲ့ ကုလသမဂ္ဂ အာရှနဲ့ ပစိဖိတ်ဒေဆိုင်ရာ စီးပွားရေး ကော်မရှင်မှာလည်း အကြီးတန်း စီးပွားရေးအရာရှိအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ်။
ဒေါက်တာ ဦးမြင့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
| ဒေါက်တာ ဦးမြင့်နှင့် ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |
ပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ရေး အမေရိကန် စောင့်ကြည့်နေ
မြန်မာပြည်သူတွေ စီးပွားရေး ပိတ်ဆို့မှု ကင်းလွတ်ချိန် တန်ပြီလို့ UMFCCI ဥက္ကဋ္ဌ ပြော
မြန်မာအပေါ် ပိတ်ဆို့မှု တချို့ရုပ်သိမ်းရေး အမေရိကန် စတင်ပြင်ဆင်
မြန်မာအပေါ် ဖိအားတွေ ရုပ်သိမ်းချိန် မတန်သေး
ပိတ်ဆို့မှု ရုပ်သိမ်းပေးဖို့ မလေးရှား တိုက်တွန်းမည်
ဦးတေဇရဲ့သားအကြီးနာမည် ဥရောပပိတ်ဆို့စာရင်းထဲက ပယ်ဖျက်
ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် ဆန်းစစ်ကြဖို့ ကုလကိုယ်စားလှယ် ပြော
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီလား
မြန်မာ့စီးပွားရေး အလားအလာ အပေါ် ပညာရှင်တွေ သုံးသပ်
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော
မှတ်ချက်များ
Click here to add your own comment