ငြိမ်းချမ်းရေးကျောက်တိုင် ဖြိုဖျက်ခံရ

ရန်ကုန်တက္ကသိုလ်အနီး အင်ယားကန်ဘောင်မှာ ထောင်နဲ့ချီတဲ့ ငြိမ်းချမ်းရေး ဆန္ဒပြသူတွေ မနေ့က အင်္ဂတေနဲ့ စိုက်ထူထားခဲ့တဲ့ ငြိမ်းချမ်းရေး ကျောက်တိုင်ကို ဒီကနေ့ ဖြိုဖျက်ခံထားရတာ တွေ့ရတယ်လို့ ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ဝင် မခင်စန္ဒာညွှန့်က RFA ကို အတည်ပြု ပြောပါတယ်။
2012-09-22
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
stop-civil-war-b305
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ က ရန်ကုန်မြို့ အင်းယားကန်ဘောင်တွင် မြန်မာနိုင်ငံတွင်း စစ်ပွဲတွေရပ်ရန် အရပ်ဖက် အဖွဲ့ အစည်းများ စုပေါင်း ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်နေစဉ်။
RFA

ငြိမ်းချမ်းရေးကျောက်တိုင် ဖျက်ဆီးခံရမှုဟာ ငြိမ်းချမ်းရေးကို ဆန့်ကျင်မှုဖြစ်ပြီး မနေ့က ဆန္ဒဖော်ထုတ်ပွဲအပြီးမှာ နောက်ယောင်ခံ လိုက်ခံရတာ၊ လူကြားထဲဆွဲခံရတာ၊ မြို့နယ်က တရားစွဲခံရတာတွေလည်း ရှိခဲ့တယ်လို့ မခင်စန္ဒာညွှန့်က ပြောပါတယ်။

မနေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူ တာဝန်ခံတွေဖြစ်တဲ့ ကိုမိုးသွေး၊ ကိုကျော်ကိုကို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦးဟာ ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည် မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။

ဒီအတောအတွင်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ငြိမ်းချမ်းရေးနဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး ဆုတောင်းပွဲမှာ ပါဝင်ခဲ့သူ သံဃာတော် တစ်ပါးဖြစ်တဲ့ ဆရာတော် ဦးပညာဝံသကို ဒီကနေ့မှာ မြို့နယ်သံဃာ့ မဟာနာယကက ခေါ်ယူပြီး ခံဝန်ကတိ လက်မှတ် ထိုးခိုင်းခဲ့တယ်လို့ ဦးပညာဝံသက ပြောပါတယ်။

တချိန်တည်းမှာဘဲ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်မြို့မှာ လုပ်ခဲ့တဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာတော် ဦးဝိမလကိုလည်း သာသနာရေးရုံးက ခံဝန်ကတိ လက်မှတ်ရေး ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။

မနေ့က ရန်ကုန်ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူတွေထဲက လောလောဆယ်အထိ (၉) ဦး တရားစွဲဆို ခံထားရတယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

ငြိမ်းချမ်းရေးလိုချင်ရင် စည်းကမ်းရှိရမယ်။
စိတ်ကူးရှိတိုင်းကျောက်တိုင်လိုက်စိုက်တာရမ်းကားမှုဘဲ

Sep 24, 2012 10:42 PM

(

အရှက်မရှိတဲ့ အာဏာပိုင် ငတ်ပြတ်နေတဲ့ရဲ သိက္ခာမဲ့တဲ့တရားသူကြီး နဲ့ ငါတကောကောနေတဲ့ ငရဲမကြောက်တဲ့ စစ်ဗိုလ်သတ္တဝါ တွေ မင်းတို့ကို မာရဏမင်းကစောင့်ကြိုနေပါတယ် ခွင့်မတောင်းတော့လည်းခွင့်မတောင်းလို့ဖမ်းတယ် ခွင့်တောင်းပြန်တော့လည်း အကြောင်းအမျိုးမျိုးပြပြီးဖမ်းပြန်ပြီ ဟား.....အဲဒီတော့ ခင်ဗျားတို့ကိုပြည်သူတွေ ရွေးချယ်ပြီးတက်လာတာမဟုတ်ဘူး မဲလိမ်ပြီးတက်လာတယ်ဆိုတာ ပြောပြလိုက်တာနဲ့အတူတူပါဘဲလား

Sep 24, 2012 01:41 PM

အမည်မဖော်လိုသူ

ငြိမ်းချမ်းရေးရသွားရင် စစ်တပ် ကခေါင်းဆောင်တွေ ၈ွင်ဖန်ဖို့  အကြောင်းအရာပြစရာမရှိလို့ နေမှာပေါ့ ငြိမ်းချမ်းရေးလိုချင်ရင် ခေါင်းဆောင်တွေအတွက်လဲ အခြား ၈ွင်လေးလဲ ဖန်တီးပေးဖို့ လိုတယ်လေ

Sep 22, 2012 01:13 PM