ငြိမ်းချမ်းရေးနေ့ ဦးဆောင်သူတွေကို သက်ဆိုင်ရာက တရားစွဲ

ရန်ကုန်နဲ့ ရှမ်းပြည်နယ် တောင်ကြီး အောင်ပန်းမြို့တွေမှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဦးဆောင်သူတွေကို သက်ဆိုင်ရာက တရားစွဲလိုက်ပြီလို့ သတင်းရရှိပါတယ်။
2012-09-22
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
peace-movement-1-b305
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်က ရန်ကုန်မြို့ အင်းယားကန်ဘောင်တွင် မြန်မာနိုင်ငံတွင်း စစ်ပွဲတွေရပ်ရန် အရပ်ဖက် အဖွဲ့ အစည်းများ စုပေါင်း ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်နေစဉ်။
RFA

စက်တင်ဘာလ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ဆုံးဖြတ်ထားတာကို မြန်မာနိုင်ငံသား လူငယ်အဖွဲ့တွေက စုပေါင်းကျင်းပခဲ့ကြတာပါ။

ဒီအပေါ်မှာ တည်ဆဲဥပဒေအရ ခွင့်ပြုချက်မရှိဘဲ စီတန်း လှည့်လည်မှုနဲ့ တရားစွဲခံရတာ ဖြစ်တယ်လို့ ရန်ကုန်မြို့က ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှု ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Generation Wave အဖွဲ့က ကိုမိုးသွေးက RFA ကို ပြောပါတယ်။

"မနေ့တုန်းက ဦးဆောင်တဲ့ ၄ ယောက်ကို လှိုင်မြို့နယ်က ဆင့်ခေါ်ထားတယ်။ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတယ် ဆိုတဲ့အကြောင်း အဲတာလာပြီးတော့ တွေ့ဆုံဖို့ ပြောထားတယ်။ စမ်းချောင်းမြို့နယ်ကတော့ ခဏနေ ကျွန်တော့်ကို စာလာပို့ပါလိမ့်မယ်။ ဆင့်ခေါ်စာလား ဘာလားမသိဘူး။ ရဲစခန်းက စာပို့မယ်လို့ပြောတယ်"

ရန်ကုန်မြို့မှာတော့ GW အဖွဲ့က ကိုမိုးသွေး၊ ကိုကျော်ဗိုဗို၊ မဖွေးယုမွန်၊ မခင်စန္ဒာညွန့်၊ ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့က ဆရာဂျော်ဂွန်နဲ့ မအားခွန်၊ အနုပညာရှင်အုပ်စုက မဇွန်စပါယ်ဖြူတို့ တရားစွဲခံထားရတယ်လို့ ကိုမိုးသွေးက ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးနေ့နဲ့ ပတ်သက်လို့လည်း ဦးဆောင်ခဲ့သူထဲက ၈၈ မျိုးဆက်ကျောင်းသားများ (ရှမ်းပြည်နယ်အဖွဲ့) က ကိုနေမျိုးနဲ့ ကိုအောင်သူ၊ အောင်ပန်းမြို့က ကိုဘိုဘိုဟန်တို့ကိုလည်း သက်ဆိုင်ရာ ရဲစခန်းတွေက ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်ပြီး လောလောဆယ်မှာ ငွေ ၁၀ သိန်းစီ အာမခံနဲ့ လွှတ်ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်မြို့မှာ ငြိမ်းချမ်းရေးနေ့ ကျင်းပဖို့ နေရာခွင့်ပြုခဲ့တဲ့ နှစ်ကျိပ်ရှစ်ဆူ တောင်ပေါ်ကျောင်း ဆရာတော်ဦးဝိမလ ကိုလည်း နောက်နောင် အခုလိုပါဝင် ပတ်သက်မှုမလုပ်ဖို့ တိုင်းသာသနာရေး ဦးစီးမှူးရဲ့ အစီအစဉ်နဲ့ ရပ်ကွက်သံဃာ့နာယက အဖွဲ့က ခေါ်ယူသတိပေးပြီး ခံဝန်ဂတိ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အဖြစ် ကျင်းပခဲ့တဲ့အပေါ် တည်ဆဲဥပဒေချိုးဖောက်မှုနဲ့ ရဲတပ်ဖွဲ့တွေက တရားစွဲလိုက်တာနဲ့ ပတ်သက်လို့ Generation Wave အဖွဲ့ ပြောခွင့်ရသူ ကိုမိုးသွေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Myit Myat Nay

နေရပ်- Myanmar

ငြိမ်းချမ်းရေး လုံးဝမလိုချင်မှန်း သိသွားပါပြီ.....

Sep 24, 2012 01:44 PM

None

နေရပ်- None

This is the peaceful rally for World Peace, not protesting to Government. Why Police are trying to catch the people who want "National Peace" in their country, the police will turn innocent people to be criminals and create some criminal acts on innocent people and put in prisons. If the police are doing like that when people will have "Freedom of Expression" in peaceful way as Democracy movements, how can take measurement for Democratization in the country, there is no Democracy at all.

Sep 24, 2012 01:42 PM

Khin Umma Lin

နေရပ်- USA

Majority of Burmese people have to live under the evil selfish military and one party government for 60 years. People not give up for their hope, even they were hopeless or helpless. Still all people forgive this same people reform government with optimistic views. Still new policy of government is tricky and not clear. Only one government on the world who always complain or trying to sue their own people by hiding their absence of rely protection duty to people.

Sep 22, 2012 05:43 PM

အမည်မဖော်လိုသူ

ဒီမိုကရေစီ စံနှုန်းအရ ဆန္ဒပြခြင်းဟာ ခွင့်ပြုချက်ရမှ ပြခွင့်ရတဲ့၊ အစိုးရခွင့်ပြုချက်ကို တောင်းဆိုတဲ့ စနစ် မဟုတ်၊ အကြောင်းကြားအသိပေးတဲ့ စနစ်သာ ဖြစ်ရပါ့မယ်။ မည်သူမဆို လွတ်လပ်စွာ မိမိဆန္ဒကို ဖော်ထုတ်ခွင့်ရရပါမယ်။ ဒီလို ထုတ်ဖော်ခွင့်
ကို ဥပဒေအရ ခွင့်ပြုမယ်၊ ခွင့်မပြုဘူးလို့ သတ်မှတ်လို့
ရတာမဟုတ်ပါ။ ဆန္ဒပြသူများရဲ့ လုံခြုံရေး၊ ဆန္ဒပြမှု အောင်မြင်ရေးအတွက် သက်ဆိုင်ရာရဲ့ အကူအညီလိုအပ်တာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားအသိပေးတဲ့ သဘောသာ ဖြစ်ရပါ့မယ်။

Sep 22, 2012 11:41 AM