ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်တွေ ပြန်လည်စတင်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်တွေကို ဒီနေ့မှာ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်ကို သွားရောက်ခြင်းဖြင့် ပြန်လည်စတင်လိုက်ပါတယ်။

ပြည်သူတွေအကြားမှာ အပြန်အလှန်ဆွေးနွေးခြင်းရဲ့ အကျိုးကျေးဇူးကို နားလည်သိရှိလာအောင် ကြိုးပမ်းနေတာဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီက RFA ကို ပြောပါတယ်။

ဝါးခယ်မမြို့နယ်ခန်းမမှာကျင်းပတဲ့ ဒီနေ့တွေ့ဆုံပွဲမှာ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင်၂၀ ကျော်တို့က ဒေသခံတွေနဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ လာမယ့်မေလဆန်းပိုင်းမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းကိုသွားရောက်ပြီး ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ရှိတယ်လို့ သိရပါတယ်။