ပဲခူးမြို့ NLD ကျန်းမာရေးကွန်ရက် အဖွဲ့က ကြီးမှူးပြီး မြို့ပေါ်ရှိ ပရဟိတ ဆရာတော် ဦးကိတ္ထိကျောင်းတိုက်မှာ ပဲခူးမြို့နယ် ကျေးရွာပေါင်းစုံက လူမျိုးဘာသာမရွေး၊ ကလေးလူကြီးမကျန် လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးကြည့်ရှု ကုသပေးပြီး ဆေးဝါး တွေ အခမဲ့ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ အစိုးရ ဆေးရုံတခု၏ လူနာဆောင် မြင်ကွင်း ဖြစ်ပါသည်။ (Photo: AFP)
အခုလို စစ်ဆေး ကြည့်ရှု ကုသရာမှာ ဆရာဝန်တွေ ဖြစ်ကြတဲ့ ဒေါက်တာအောင်ခင်နဲ့ ဒေါက်တာစန်းမောင်မောင် တို့က စေတနာ့ဝန်ထမ်း စမ်းသပ်ကုသပေးခဲ့ရာမှာ ငွေကြေးမတတ်နိုင်သူ အနီး ပတ်ဝန်းကျင် ကျေးရွာတွေက ကလေးလူကြီး စုစုပေါင်း တရာနီးပါး လာရောက် ဆေးကုသ ခံယူခဲ့ကြတယ်လို့ သိရပါတယ်။
အပြင်ဆေးခန်းတွေမှာ ငွေကြေးမတတ်နိုင်သူတွေကို အခုလို အခမဲ့ ဆေးစစ်ဆေး စမ်းသပ်၊ ကုသပေးတဲ့အပြင် လိုအပ်တဲ့ ဆေးဝါးတွေကိုပါ ကွန်ရက်အဖွဲ့က ပေးလှူခဲ့တာနဲ့ ပတ်သက်လို့ NLD ကျန်းမာရေးကွန်ရက်အဖွဲ့ လူငယ်အဖွဲ့ဝင်တဦးက အခုလို ပြောပြပါတယ်။
“ကျနော်တို့ ပြည်သူတွေ အနေအထားနဲ့ကလည်း ငွေရေးကြေးရေး မတတ်နိုင်ဘူးဗျ။ တခြား ဆေးခန်းတွေ သွားမယ်ဆိုရင် ၃ ထောင် ၄ ထောင် ကုန်တယ်။ တနေ့ရှာတာမှ ၂ ထောင်၊ ၂ ထောင့် ၅ ရာပဲ ရတယ်။ အဲဒီလို အကုန်အကျမျိုး ရှိတဲ့အခါကျတော့ သူတို့မှာ မသွားနိုင်ဘူး။ အိမ်မှာပဲ ဆေးမြီးတိုလေးတွေနဲ့ ကုသနေရတယ်။ အခုလို ကျနော်တို့ သွားကုသတဲ့အခါကျတော့ သူတို့တွေ အရမ်းပျော်တယ်။ ပရဟိတ ဦးကိတ္ထိကျောင်းက ဓမ္မာရုံမှာ ထိုင်ပြီးတော့ ဆေးဝါးကုသပေးတာပါ”
ဆရာတော် ဦးကိတ္ထိကလည်း ဆေးဝါးကုသဖို့ လာရောက်ကြတဲ့ ပြည်သူတွေကို ထမင်းကျွေးမွေးပြီး ဧည့်ခံခဲ့တယ်လို့လည်း သိရပါတယ်။
အခုလို ပဲခူး NLD ကျန်းမာရေးကွန်ရက်အဖွဲ့က ပြည်သူတွေကို အခမဲ့ ကျန်းမာရေး စစ်ဆေးကုသမှု ပြုလုပ်ပေးတာ အခုတကြိမ်နဲ့ ဆိုရင် တတိယအကြိမ် ရှိပြီလို့လည်း NLD ကွန်ရက်အဖွဲ့က ပြောပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ရန်ကုန်သင်္ကြန် ဗုံးခွဲမှု တရားစွဲခံရသူ ကျန်းမာရေးချို့တဲ့
လွှတ်တော်ကိုယ်စားလှယ်တွေအတွက် NLD ဥပဒေသင်တန်း ပြီးဆုံး
ကျမ်းကျိန်စာသား ကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်
ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင်
လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ်
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား
ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်အသတ်နဲ့ အနိုင်ရရှိ
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် မကွေးခရီးစဉ်ကို ဖျက်သိမ်း
မှတ်ချက်များ
Click here to add your own comment