ပဲခူးမြို့ ဦးထုပ်စက်ရုံမှ အလုပ်သမများ ရပိုင်ခွင့်အတွက် ဆန္ဒပြ

ပဲခူးမြို့ စွန်ရှိ ဟင်္သာကုန်း ကမာနတ် ရွာအနီးရှိ Cap 1 ဦးထုပ်စက်ရုံက အလုပ်သမ ၅၀ကျော် အလုပ်ခွင်ကနေ ဇွန်လ ၆ ရက် ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတဲ့ပုံစံနဲ့ ထွက်ခွာလာတယ်လို့ စုံစမ်း သိရှိရပါတယ်။

2011.06.06

စက်ရုံက ထွက်လာတဲ့ အလုပ်သမ စုစုပေါင်း ၅၅ ဦး ရှိပြီး အလုပ်ခွင်အတွင်း အလုပ်ကြပ်တွေက မတရားတဲ့ စည်းကမ်းချက်တွေနဲ့ ကန့်သတ် ချုပ်ချယ်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အလုပ်သမားတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ပဲခုူူးမြို့ NDF ပါတီ ရုံးကို လာရောက် တိုင်တန်း တာဖြစ်ပါတယ်။

ပါတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းက ခုလိုပြောပြပါတယ်။

“အဲဒီမှာကလေ အောလ်ဆူပါပေါ့ဗျာ၊ ဇာနည်နိုင်လေ၊ မဇာနည်နိုင်ရယ်၊ နောက် ဆူပါပေါ့ဗျာ၊ သူ့အောက်က မဝတ်မှုန်ဆိုတာ သူတို့ နှစ်ယောက်က ကလေးတွေကို ဒီ မတရားတဲ့ စည်းကမ်းတွေ ထုတ်ပြန်ထားတာပေါ့။ အဲဒါ စက်ရုံက စည်းကမ်းဟုတ်မဟုတ်တော့ ကျွန်တော်လည်း အတိအကျတော့ မသိဘူးပေါ့။ အဲဒါ ခုနကလို အလုပ်ထဲမှာ တယောက်နဲ့ တယောက် အလုပ်ကိစ္စ စကားပြောတာတွေကို ပိုက်ဆံ ဖြတ်တောက်တဲ့ ကိစ္စပါတယ်။ နောက် ဒီ ကျန်းမာရေးပေါ့၊ အပေါ့အလေး သွားတဲ့ကိစ္စတွေကို အချိန်ကန့်သတ်ချက် လုပ်ပေးထားတာ။”

ဦးအောင်မျိုးဝင်းရဲ့ အဆိုအရ ပြီးခဲ့တဲ့ သောကြာနေ့က အလုပ်သမ ၁၉ ဦးက ဒီကိစ္စကို မိမိကို လာရောက် ပြောဆိုခဲ့တာကြောင့် ပဲခူးမြို့ အလုပ်သမားဦးစီးဌာနကို ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူတွေက ညှိနှိုင်းပေးခဲ့ပြီး ဖြစ်ပေမဲ့ ဒီကနေ့ စက်ရုံအနေနဲ့ ကတိပေးခဲ့တဲ့အတိုင်း ဆောင်ရွက်ပေးခြင်း မရှိတာကြောင့် အလုပ်သမား ၅၀ ကျော် အလုပ်ခွင်က ထွက်ခွာလာတာ ဖြစ်တယ်လို့ ပြောပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က စက်ရုံ တာဝန်ရှိသူတွေ အပါအဝင် စက်ရုံတည်ရှိရာ ရပ်ကွက်တွင်းကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။