ပင်စင်စားများ လစာသစ် မရသေး

2011-08-07

မြန်မာအစိုးရက ဇူလိုင်လကစပြီး အငြိမ်းစား ပင်စင်လစာငွေ တိုးမြင့် ထုတ်ပေးမယ်လို့ ကြေညာခဲ့ပေမယ့် အခုချိန်ထိ ထုတ်ယူလို့ မရသေးဘူးလို့ ပင်စင်လစာငွေ သွားထုတ်တဲ့ အငြိမ်းစားတွေက ပြောပါတယ်။

(Photo: AFP)

အစိုးရ အမှုထမ်း ရုံးသူရုံးသားများကို ရန်ကုန်မြို့လယ်တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒဂုံမြို့သစ်မြောက်ပိုင်း ဆေးဝန်ထမ်းရပ်ကွက်မှာ နေထိုင်တဲ့ အငြိမ်းစား ဝန်ထမ်းတဦးက အခုထိ အငြိမ်းစားလစာနှုန်းသစ် မခံစားရသေး ကြောင်း၊ သက်ဆိုင်ရာရဲ့ ညွန်ကြားချက်မလာသေးဘူးလို့ ပင်စင်ရုံးက ပြောလိုက်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ပင်စင်ဌာနခွဲကလည်း အငြိမ်းစား လစာတွေကို တွက်ချက်နေဆဲ ဖြစ်ပြီး ဘယ်နေ့မှာ စတင် ထုတ်ပေးမယ် ဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ လာရောက် စုံစမ်းသူတွေကို ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ မြန်မာနိုင်ငံမှာ အငြိမ်းစားလစာ တိုးမြင့်မှုနဲ့ အကျုံးဝင်တဲ့ အငြိမ်းစားဝန်ထမ်း ဦးရေ ၈ သိန်းလောက် ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်