မုန်တိုင်းသင့် လယ်များ ရေငံမဝင်ရေး ကိုယ့်အားကိုယ်ကိုး လုပ်နေရ

ဂီရိ မုန်တိုင်းဒဏ်သင့်ထားတဲ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ဒေသခံ ပြည်သူတွေမှာ အခု မိုးဦးမတိုင်ခင် လယ်ကွင်းတွေ ရေငံမဝင်အောင် တာဖို့လို့ မပြီးခဲ့ရင် လာမဲ့ မိုးတွင်းမှာ စပါးစိုက်ဖို့ အခက်အခဲ ရှိပြီး၊ အကျိုးဆက်က ဆန်ရေစပါး မလုံလောက်တာနဲ့ ကြုံရမဲ့အရေး ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။

0:00 / 0:00

အဲဒီဒေသက တချို့ရွာတွေမှာ တာတမံတွေကို ကိုယ့်အားကိုယ်ကိုးပြီး ဖို့နေကြရပြီး တချို့ရွာတွေမှာတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အန်ဂျီအိုတွေက အလုပ်နဲ့ ဆန် အလဲအလှယ် လုပ်ပေးတဲ့အစီအစဉ်အရ တာဖို့တဲ့အတွက် ဆန်ပေးတာတွေ ရှိပါတယ်။

အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အဲဒီ မြို့နယ်တွေကို သွားရောက်ခဲ့တဲ့ အမျိုးသား ဒီမီုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မေဝင်းမြင့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်