ရွေးကောက်ပွဲရက် ကြေညာထားသော်လည်း ပြည်သူစိတ်ဝင်စားမှုနည်းပါး

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲနေ့ကို နိုဝင်ဘာ ၇ ရက်မှာ ကျင်းပမယ်လို့ ထုတ်ပြန် ကြေညာထားပေမဲ့ လက်ရှိ အနေအထားမှာတော့ ပြည်သူလူထုရဲ့ နိုင်ငံရေးကို စိတ်ဝင်စားမူ အတိုင်းအတာ အလွန် အားနည်းနေတယ်လို့ သိရပါတယ်။

0:00 / 0:00

ရန်ကုန်ပြည်သူတွေရဲ့ စစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုက ရာခိုင်နှုန်း တဝက်တောင် မရှိဘူးလို့ ရန်ကုန်မြို့ခံတဦးက ဆိုသလို ပဲခူးတိုင်းနဲ့ မန္တ္တလေးတိုင်းအတွင်းက ဒေသခံတွေကလည်း ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်တာတွေ ရှိနေပါတယ်။

ကရင်ပြည်နယ် ဖားအံမြို့က ဒေသခံတဦးကို မေးမြန်းကြည့်တဲ့အခါ ဖားအံ ပြည်သူတွေအနေနဲ့ ဘဝ အသက်ရှင် ရပ်တည်ရေးအတွက် စားဝတ်နေရေးကိုသာ အဓိကထားနေရတဲ့အကြောင်း RFA ကို ပြောပါတယ်၊၊

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA မှ ဒေါ်ခင်ခင်အိက စုစည်းတင်ပြထားပါတယ်။

အသံဖိုင်ယူရန်