ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် ၄ ဦးကို အနုပညာလုပ်ငန်းပိတ်ပင်

2010-09-02

လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အကယ်ဒမီဆုရှင် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်ဖွင့်လှစ်တဲ့ သရုပ်ဆောင်သင်တန်းမှာ သွားရောက် အကူအညီ ပေးခဲ့တဲ့အတွက် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ၄ ဦးကို မြန်မာစစ်အစိုးရ လက်အောက်ခံ ရုပ်ရှင် အစည်းအရုံးက ရုပ်ရှင် အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

(Photo Courtesy of myanmarcelebrity.com)

ရုပ်ရှင်မင်းသား အကယ်ဒမီ ကျော်သူ (ယာအစွန်) ဦးဆောင် ဖွင့်လှစ်ထားသော သရုပ်ဆောင် သင်တန်းတွင် ပါဝင် အကူအညီပေးနေသည့် (ဝဲ မှ ယာ) ညီဂျော်၊ ဂွမ်းပုံနှင့် သန်းသန်းစိုးတို့ ဖြစ်ပါသည်။ (Photo Courtesy of myanmarcelebrity.com)

အပိတ်ခံရတဲ့ အနုပညာရှင် ၄ ဦးကတော့ ဟာသသရုပ်ဆောင် ညီဂျော်၊ အမျိုးသမီး သရုပ်ဆောင် သန်းသန်းစိုး၊ ဂွမ်းပုံနဲ့ ဆုရွှန်းလဲ့တို့ ဖြစ်တယ်လို့ ရန်ကုန် အနုပညာ အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။

ဒါပေမဲ့ တားမြစ်ပိတ်ပင်တဲ့ အချိန်ကာလ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အခမဲ့ သရုပ်ဆောင်သင်တန်း ဖွင့်လှစ်ထားတဲ့ ရန်ကုန် နာရေးကူညီမှုအသင်းက ဦးကျော်သူကတော့ အခုလို လူမှုရေးလုပ်တဲ့ အနုပညာရှင်တွေကို လုပ်ကိုင်စားသောက်ခွင့် ပိတ်တာဟာ အနုပညာရှင်တွေရဲ့ လူမှုရေးစိတ်ဓာတ်ကို ဖျက်ဆီးရာရောက်သလို လက်ရှိ မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့ ဘဝဟာ အစိုးရအကြိုက် လိုက်နိုင်မှ လုပ်ကိုင်စားလို့ ရမဲ့ အနေအထား ဖြစ်နေတယ်လို့ ပြောပါတယ်။

ဒီအကြောင်း အသေးစိတ်ကို RFA သတင်းထောက် ဦးစံမိုးဝေက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဇာဂနာရဲ့ အနုပညာပြပွဲ ရုပ်ရှင်ကားတချို့ စင်္ကာပူရဲက ပြသခွင့် ပိတ်ပင်

နာရေးကူညီမှုအသင်း ၁၁ နှစ်ပြည့်ပြီ

ဗိုလ်ချုပ်အထ္တုပ္ပတ္တိ ရိုက်ဖို့ ကျော်သူက ရုပ်ရှင်ကုမ္ပဏီ လှူမယ်

လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော်အတွက် ၅၃ ကားရွေးချယ်

မြန်မာရုပ်ရှင်ဆင်ဆာ အဖွဲ့ကို တိုက်ရိုက် ဝေဖန်တဲ့ ဇာတ်လမ်းတစ်ခု အင်တာနက်မှာ ပျံ့နှံ့

နာရေးကူညီမှုအသင်းကို ကျေးဇူးတင်ကြောင်း ကချင်ဒုက္ခသည်ကော်မတီ ထုတ်ပြန်

ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်တွေကို အကူအညီ စပေး

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးတော့မယ်

ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် နာရေးကူညီမှုအသင်း ကူမယ်

အမျိုးသမီးများအတွက် တရားမျှတမှု တောင်းဆိုတဲ့ ဗီဒီယို WLB ဖြန့်ချိ