ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာရွာအနီးမှာ အစိုးရနဲ့အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ ဆိုင်းရတ နာအောင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီကို မနေ့ညက လူတစ်စုက ဖောက်ခွဲဖျက်ဆီးခဲ့တာကြောင့် မြေတူးစက် ၅ စီးနဲ့ ယာဉ် ၃ စီး၊ ကျောက်စိမ်းဂိုဒေါင်တစ်ခု ပျက်စီးခဲ့ပါတယ်။
လက်နက်ကိုင်ဆောင်ထားတဲ့ အမည်မသိ လူ နှစ်ဆယ်လောက်က ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ မှော်စီစာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းထိန်က ပြောပါတယ်။
"ဖောက်ခွဲပြီးမှ မီးလောင်သွားတာပေါ့၊ မနေ့ညက ၇ နာရီခွဲအချိန်မှာ လူ ၂၀ ဝန်းကျင်လောက်ရှိတဲ့ အဖွဲ့ဝင်လာ ပြီးမှ သေနတ်တွေ ၃ ချက်၊ ၄ ချက်လောက် ဖောက် တယ်ပြောတာဘဲ၊ သူတို့ပြောတာတော့ ၁၀ ယောက်လောက်က ကုမ္ပဏီထဲ ဝင်သွားပြီးတော့မှ ကုမ္ပဏီထဲမှာ ရှိတဲ့သူတွေအကုန်အပြင်ထွက်ခိုင်းပြီး ဝမ်းလျားမှောက်ခိုင်းထားတယ်လို့ ပြောပါတယ်၊ ပြီးတော့မှ ပါလာတဲ့ ဓာတ်ဆီပုန်းနဲ့ လောင်းပြီးမီးရှို့သွားတယ် လို့ ပြောပါတယ်"
အဲဒီဖောက်ခွဲမှုကို လုံးခင်းကျေးရွာအုပ်စု ရဲစခန်းက သွားရောက်စစ်ဆေးခဲ့ပြီး ဘယ်အဖွဲ့အစည်းက ဖောက်ခွဲသွား တယ်ဆိုတာကို ပြောလို့မရသေးကြောင်း ဖားကန့်မြို့နယ်ရဲမှူးက ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသက ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေ၊ လမ်းတံတားတွေနဲ့ အစိုးရရုံးတွေကို အမည်မသိလက်နက်ကိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း မကြာခဏဖောက်ခွဲဖျက်ဆီးတာတွေ ရှိနေပါတယ်။
