ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါ-မှော်သစ်ကုန်းကျေးရွာက ရတနာကြယ် ကျောက်စိမ်းလုပ်ကွက်မှာ မနေ့ ညက ကျောက်ကမ်းပါး ပြိုကျတာကြောင့် အဲ့ဒီလုပ်ကွက်မှာ တစ်နိုင်တစ်ပိုင် ကျောက်တူးဖော်နေသူ ၁၂ ဦး သေဆုံး ပြီး ပျောက်ဆုံးနေသူတွေ ရှိနေပါတယ်။
မနေ့ညကစပြီး ဒီကနေ့အထိ အလောင်း ၁၂ လောင်းကို တွေ့ရှိထားပြီး ဒဏ်ရာရရှိသူ ၁၁ ဦးရှိတယ်လို့ ဝှေခါကျေး ရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းက ပြောပါတယ်။
"မနေ့ကနေ ဒီနေ့ထိတော့ သေဆုံးသူ ၁၂ ယောက်ပဲရှိတယ်၊ ဒဏ်ယာရသူကတော့ ၁၁ ယောက်၊ ဆေးရုံရောက်နေတယ်၊ အားလုံးသက်သာပါတယ်၊ ၃ ယောက်ကတော့ မြစ်ကြီးနားလွှဲတယ်ဗျ၊ ကျန်တာတွေေတော့ ကျနော်တို့ဆီသတင်းလာမပို့သေးဘူးဗျ၊ မြေထဲမှာကျန်နေရင်တော့ ကျနော်တို့ကဖော်ပေးမှာပါ၊ လူတစ်ရာ၊ နှစ်ရာဆိုတာကတော့ ဒဏ်ယာရတာကိုပြောတာနေမှာပါ"
လက်ရှိမှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဖားကန့်ဆေးရုံကို သယ်ယူနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ကို ယာယီရပ်နားထားပါတယ်။
အခုချိန်ဟာ ကျောက်မျက်တူးဖော်တဲ့ကုမ္ပဏီတွေဟာ ကျောက်တူးဖော်ရေးကို ရပ်နားထားတာဖြစ်ပေမယ့် တနိုင်တပိုင်ကျောက်ရှာဖွေသူတွေကတော့ လုပ်ကွက်တွေထဲမှာ ရှာဖွေနေကြဆဲဖြစ်ပါတယ်။
ဖားကန့်မှာ ဒီရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာနေတာကြောင့် အမြင့်ပေတစ်ထောင်လောက်ရှိတဲ့ ကျောက်ကမ်း ပါးပြိုကျတာလို့ ကျောက်ရှာဖွေသူတွေက ပြောပါတယ်။
ကမ်းပါးပြိုကျတဲ့အထဲ နစ်မြုပ်နေသူ အရေအတွက်ကို အတိအကျမသိရသေးပဲ ရာဂဏန်းလောက်ရှိမယ်လို့ ဒေသ ခံတွေက ခန့်မှန်းနေကြပါတယ်။ အဲ့ဒီကျောက်ကမ်းပါးဟာ လတ်တလောမှာ ပြိုကျနေဆဲဖြစ်တယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်ကြောကမ်းပါးပြိုကျမှုနဲ့ စွန့်ပစ်မြေစာပုံပြိုကျမှုတွေ မကြာခဏဖြစ်ပေါ် မှုကြောင့် လူထိခိုက်သေဆုံးမှုတွေရှိနေတာပါ။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၁ ရက်နေ့က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအနီးက ကန်ခမ် စုပေါင်း စွန့်ပစ်မြေစာပုံပြိုကျ လို့ လူ ၁၁၄ ယောက် သေဆုံးခဲ့ပါတယ်။
ဖားကန့်မြို့မှာ ဖြစ်ပွားတဲ့ မြေပြိုမူဟာ အရင်ဖြစ်ပွားခဲ့တဲ့ မြေပြိုမူများလိုမဟုတ်ဘဲ ကျောက်လုပ်ကွက်အတွင်း ညပိုင်းမှာ သွားရောက် တူးဖေါ်တာကြောင့်ဖြစ်တယ်လို့ ဖားကန့်မြို့နယ်က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကပြောပါတယ်။ အဓိက က ဖါးကန့်မြို့မှာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ဖို့လိုတယ်လို့ပြောပါတယ်။ မြေ ပြိုကျတဲ့အခြေအနေနဲ့ ဖားကန့်မြို့က လုံခြုံရေးအခြေအနေများနဲ့ပတ်သက်ပြီး ဦးခင်မောင်မြင့်ကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
