ဖယ်ခုံမြို့  လူမှုကူညီရေးအသင်း လှုပ်ရှားမှုများ ရပ်ဆိုင်းခံရ

2013-09-01
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
၂၀၁၂ ခုနှစ် ဧပြီလက စတင်ဖွဲ့စည်းခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ လောကပါလ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များကို တွေ့ရစဉ်
၂၀၁၂ ခုနှစ် ဧပြီလက စတင်ဖွဲ့စည်းခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ လောကပါလ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များကို တွေ့ရစဉ်
photo: RFA/ Nay Thwae

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့က လောကပါလ လူမှုကူညီရေးအသင်းဟာ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိတာကြောင့်  အသင်းရဲ့လှုပ်ရှားမှုတွေ ရပ်ဆိုင်းထားဖို့ ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အမိန့်စာ ထုတ်ထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လောကပါလ လူမှုကူညီရေးအသင်းရဲ့ ဒုတိယဥက္ကဌ ကိုကျော်ထင်အောင်က RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ ရပ်တန့်လိုက်မယ်ဆိုရင် သွေး လိုအပ်နေတဲ့လူနာတွေ၊ နာရေးအတွက် အခက်အခဲဖြစ်နေတဲ့သူတွေ၊ အရေးပေါ် ကျနော်တို့ ဖယ်ခုံမြို့ကနေပြီးတော့ ၂၄ မိုင်ဝေးတဲ့ လွိုင်ကော်ဆေးရုံကို ပို့ဆောင်ရမယ့်လူနာတွေဟာ အခက်အခဲများစွာ ကြုံတွေ့သွားတဲ့အနေအထားရှိပါတယ်၊ ကျနော်တို့ တာဝန်ယူထားတဲ့၊ ကျနော်တို့ ကူညီမယ်လို့ အာမခံထားတဲ့ဟာတွေ ကတိဖောက်ဖျက်မယ့်အနေအထား ဖြစ်နေတဲ့အတွက်ကြောင့်မို့ ကျနော်တို့က ဆက်လက်လုပ်ဆောင်နေပါတယ်”

ဖယ်ခုံမြို့နယ် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားတဲ့စာထဲမှာ လူမှုရေးလှုပ်ရှားနေတဲ့ အသင်းတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့များ ဖွဲ့ စည်းခွင့်ပြုရေးနဲ့ ကြီးကြပ်ရေးဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်ရရှိမှသာ ရပ်တည်လို့ရမယ်လို့ ပါရှိပါတယ်။

လောကပါလ လူမှုကူညီရေးအသင်းကို ၂၀၁၂ခုနှစ် ဧပြီလက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လူနာပို့ဆောင်တာ သက်ကြီးရွယ်အိုတွေကို ထောက်ပံ့ကူညီတာကနေ ပညာရေးထောက်ပံ့တဲ့ကိစ္စတွေကို လုပ်ဆောင်ပေးနေတဲ့ အသင်းဖြစ်တယ်လို့ သိရပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

အဲဒီအသင်းအဖွဲ့တွေက သူဌေးသေလို့ တွင်းကျယ်ကျယ် ၊ ဆင်းရဲသားသေလို့ တွင်းကျဉ်းကျဉ်း ၊ အုပ်ချုပ်သူသေလို့ တွင်းနက်နက် ၊ မင်းကတော်သေလို့ တွင်းတိမ်တိမ် တူးနေကြတာမှ မဟုတ်ပဲ။ သူတို့ကို ဘာလို့များ အာဃာတ ထားနေကြပါလိမ့်။

Sep 03, 2013 01:19 AM

တွေးရခက်နေသူ

ခေတ်အဆက်ဆက်မှာ နာရေးကူညီမှုအသင်းအဖွဲ့တွေကို
နှိပ်ကွပ်နေတာဟာ ဘာကြောင့်ပါလဲ။ သူတို့ကြောင့် လူတွေသေနေကြတယ်လို့ ထင်လို့လား။ သေသူတွေက တမလွန်ဘ၀မှာ သူတို့ကို မဲပေးထောက်ခံမှာ စိုးလို့လား။

Sep 03, 2013 01:14 AM

မှန်မှားမှန် ၊မှားမှန်မှား

နေရပ်- ကြားနေရပ်

နာရေးကူညီတာမျိုးကျတော့ အန္တရာယ်မရှိသောစည်းကမ်းမညီညွတ်မှုဖြစ်နေလို့ ဆိုင်ရာအသင်းအဇွဲ့ကို အသိပေးပြီး မှတ်ပုံတင်နိုင်အောင် လူမှုအသိစိတ်ဓါတ်အပြည့်အ၀ထားပြီး ကူညီရမှာပါ။ ဥပဒေဆိုတာ ကောင်းဆိုး မျက်နှာမလိုက်ရတာ မှန်ပေမယ့် ကောင်းဆိုးပေါ်မူတည်ပြီး ဥပဒေက သက်ဝင်လှုပ်ရှားရပါမယ်။

Sep 01, 2013 01:47 PM

ဆိုက်တခုလုံးသို့