မြန်မာသင်္ဘောသား ၂၃ ဦး ပင်လယ်ဓားပြလက်မှ ပြန်လွတ်

2011-09-06

မြန်မာ သင်္ဘောသား ၂၃ ယောက် လိုက်ပါသွားခဲ့တဲ့ လွန်ခဲ့တဲ့ ဒီဇင်္ဘာလက အာဖရိကတိုက် ၊ တန်ဇန်းနီးယား နိုင်ငံကနေ မိုဇမ်ဘစ်နိုင်ငံ အသွား၊ ပင်လယ်ပြင် တနေရာမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ M.V.Panama အမည်ရှိ ကွန်တိန်နာ သင်္ဘောကြီးကို ဆိုမာလီ ပင်လယ် ဓားပြတွေက မနေ့က ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

လိုက်ဘေးရိယား နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အဲဒီ သင်္ဘောကြီး အတွက် ၆ လခန့် အပြန်အလှန် ညှိနှိုင်း ဆွေးနွေးခဲ့ရပြီး မနေ့ မနက်ကတော့ သက်ဆိုင်ရာ သင်္ဘော ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၇ သန်း ပေးပြီး ရွေးခဲ့တဲ့ အတွက် လွှတ်ပေးလိုက်တာလို့ ပြန်ပေးသမားတွေက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အဲဒီ သင်္ဘောပေါ်ကနေ သူတို့ ဆင်းပေးလိုက်ပြီမို့ အခု ဘေးကင်းရာကို ထွက်ခွါသွားပြီလို့လည်း ဆိုမာလီ ပြန်ပေးသမား တယောက်က ပြောပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ အကြား သဘောင်္များ တိုက်ရိုက် ကူးသန်းနိုင်မည်

လစာမပေးနိုင်တဲ့ ကိုရီးယား သင်္ဘောမှ သင်္ဘောသားများ ဒူဘိုင်းအစိုးရက ပြန်ပို့

ပင်လယ်ဓားပြလက်ထဲက မြန်မာသင်္ဘောသား ၁၄ ဦး ကယ်ဆယ်ရမိ

မြန်မာနိုင်ငံသွားတဲ့ မြောက်ကိုရီးယားသင်္ဘော အမေရိကန် ရေတပ်က တားဆီး

မြန်မာသင်္ဘောသားတဦး ဓာတ်ငွေ့ကြောင့် သတိမေ့ သေဆုံး

ဆူနာမီလှိုင်းရန်မှ မြန်မာသင်္ဘောသားများကို ကယ်တင်

မြန်မာ ၂၀ ကျော်ပါ သင်္ဘောတစီး ပင်လယ်ဓားပြတွေ ဖမ်းဆီးသွား

ေဴမာက္ကုိရီးယား စစ္ပစၤည္းမဵားကုိ တ႟ုတ္သေဘႆာမဵားဴဖင့္ ဴမန္မာဴပည္ပိုႛေန

ေဴမာက္ကိုရီးယားသေဘႆာ သီလဝၝမႀာ လက္နက္ေသတၨာေတၾခဵ