"အဲဒါက သမ္မတကြီး ကိုယ်တိုင် ပြောတယ်။ အစီအစဉ် ရှိပါတယ်တဲ့။ သို့သော်လည်း Stability တော့ သူ နဲနဲ တော့ ထိမ်းမှာပေါ့ဗျာ။ Political will က သူက ပြောပြီးပြီလေ။" ဒါပေမယ့် ပြည်တွင်း အခြေအနေလား၊ နိုင်ငံတကာမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေလား ဆိုတာကိုတော့ ဒေါက်တာ နေဇင်လတ်က အသေးစိတ် မပြောဆိုပါဘူး၊ အရှေ့ အလယ်ပိုင်း အာရပ် နိုင်ငံတွေနဲ့ အာဖရိကတိုက် နိုင်ငံတွေမှာ ပေါ်ပေါက်နေတဲ့ အာဏာရှင် အစိုးရ ဆန့်ကျင်ရေး လူထု ဆန္ဒပြပွဲတွေကို ဦးသိန်းစိန်ရဲ့ မြန်မာ အစိုးရကလည်း အလေးထား စောင့်ကြည့်ပြီး နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမယ့် ကိစ္စကို ချင့်ချိန် နေတယ်လို့ မြန်မာ့အရေး လေ့လာသူ တချို့က ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့တော်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး ညီလာခံကို တက်ရောက်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဌ တာဝန် ပေးအပ်ရေး အတွက် ကြိုးပမ်းခဲ့ပေမယ့် တိကျတဲ့ အဖြေမရရှိခဲ့ပါဘူး။ သမ္မတ ဦးသိန်းစိန်နဲ့ အတူ အာဆီယံ ထိပ်သီး ညီလာခံ ခရီးစဉ်ကို လိုက်ပါသွားခဲ့တဲ့ သမ္မတ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
0:00 / 0:00
