သဲကုန်းမှာ လယ်သမားဆန္ဒပြ သပိတ်စခန်းကို ရဲတပ်ဖွဲ့ ဖြိုခွင်းဖယ်ရှား

0:00 / 0:00

ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့နယ်မှာ စစ်တပ်က သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ ဆန္ဒပြနေတဲ့ သပိတ်စခန်းကို သဲကုန်းရဲတပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ဒီနေ့မနက် အင်အားသုံးဖယ်ရှားခဲ့ပါတယ်။

သပိတ်စခန်း ဖယ်ရှားခံရတဲ့အကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ နတ်တလင်း ပြည်သူ့ အကျိုးဆောင်ကွန်ရက်အဖွဲ့က ကိုသန့်ဇင်ထက်က အခုလိုပြောပါတယ်။

"ဒီနေ့မနက် ၇ နာရီလောက်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် ဒီသပိတ်စခန်းကို ဖြိုခွဲသွားတယ်၊ အမျိုးသမီးတွေကို အတင်းဖြိုခွဲတယ်၊ ယူနီဖောင်းမဝတ်ထားတဲ့ အရပ်သားနဲ့ တိုက်ပေးတယ်၊ နောက်သူတို့က ဘာကြောင့် ဒီလိုဖြိုခွဲတာလည်း ဆိုတဲ့အခါကျတော့ သီတဂူဆရာတော် ဘုရားကြီးရဲ့စာကြောင့် ဒီနေ့ သပိတ်စခန်းကို ဖြိုခွဲရခြင်း ဖြစ်တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး က ပြောပါတယ်"

သဲကုန်းမြို့နယ်က အောင်ကုန်း၊ သင်တော၊ ကဇွန်းအင်း၊ ယင်းတိုက်တန်းနဲ့ နှောကုန်းကျေးရွာ ၅ ရွာက သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကစပြီး အဲဒီကျေးရွာကတွေက ရွာသား ၅၀ လောက်ဟာ သဲကုန်းမြို့ မြို့နယ်ခန်းမအနီးမှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲဲ့ကြတာပါ။

အဲဒီ သပိတ်စခန်းကို ဖယ်ရှားလိုက်ပြီး လယ်သမားတွေကို အောင်ကုန်းကျေးရွာကို ပြန်ပို့လိုက်ပါတယ်။ သပိတ်စခန်းဖွင့် ဆန္ဒပြရာမှာ ဦးဆောင်တဲ့ လယ်သမားတွေနဲ့ အကူအညီပေးနေသူတွေ အပါအဝင် စုစုပေါင်း ၄ ဦးကို သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့က တရားမဝင် စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားသလို သပိတ်စခန်းဖယ်ရှားစဉ်မှာ လယ်သမား ၂ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။