မောင်တောမှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို ရှာဖွေစစ်ဆေး

ရခိုင်ပြည်နယ်မောင်တောနယ်စပ်မှာဘင်္ဂလားဒေ့ရ်ှနိုင် ငံကနေကျူးကျော်ဝင်ရောက်နေထိုင်သူတွေရှိ၊မရှိကိုမြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့လူဝင်မှု ကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနကစစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့ဇွန်လ၁၂ရက်နေ့အထိမြန်မာနယ်စပ်နယ်မြေအမှတ် ၃၊၇၊၉တို့မှာစစ်ဆေးမှုအရအိမ်ထောင်စု၁၇၀ကျော်နဲ့လူဦးရေပေါင်းတစ်ထောင်ကျော်ကိုစစ်ဆေးခဲ့တယ်လို့နယ်စပ်လုံခြုံရေးတပ်ဖွဲ့ထံကသိရပါတယ်။

မောင်တောနယ်စပ်မှာတရားမဝင်နေထိုင်သူတွေရှိ၊မရှိကိုန.စ.ကအဖွဲ့တွေမဖျက်သိမ်းခင်ကတစ်နှစ်မှာ၁ကြိမ်လောက်စစ်ဆေးခဲ့ပေမယ့်နယ်ခြားစောင့်ရဲတပ်ဖွဲ့ အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပြီးနောက်ပိုင်းမှာအခုစစ်ဆေးမှုဟာပထမဆုံးအကြိမ်ဖြစ်တယ်လို့သိရပါတယ်။