ပျဉ်းမနားတွင် ရဲအရာရှိတစ်ဦး မီးရှို့သေဆုံး

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအုပ်အဆင့်ရှိတဲ့ ထောက်လှမ်းရေး အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့အဆုံးစီရင် သွားခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တစ်ခု နေပြည်တော် ပျဉ်းမနားမြို့မှာ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
2012-08-29
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

သေဆုံးသူ ရဲအရာရှိဟာ SB ရဲသတင်းတပ်ဖွဲ့က ရဲအုပ် ဝင်းမင်းသန့်လို့ သိရပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာဟာ ပျဉ်းမနားမြို့ အနောက်မြောက်ဘက် ပန်းခင်းရပ်ကွက်မှာရှိတဲ့ ဘောရဇ္ဇ ဘုရားဝင်း အတွင်းမှာ ဖြစ်ပါတယ်။

သေမှုသေခင်းနဲ့ ပက်သက်လို့ အသေးစိတ် အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ပျဉ်းမနား မြို့နယ်ရဲစခန်းမှူး ရဲအုပ် ဦးကျော်မြင့်က RFA ကို အတည်ပြု ပြောကြားပါတယ်။

"တွေ့တဲ့အချိန်ကတော့ ၁၅း၃၀ ဗျ။ သူ့ဟာသူ ရှို့သလား၊ ဒါမှမဟုတ် သူများရှို့သလား။ ဒါကမသိသေးဘူး။ မသိသေးဘူးဆိုတာ ဆရာဝန်ကြီးရဲ့ မူခင်းသုံးသပ်ချက်က ကျွန်တော်တို့ဆီ မရောက်သေးဘူး။ ဒီနေ့မှ ခွဲစိတ်တာ ဆိုတော့လေ။ ဆရာဝန်ကြီးရဲ့ မှတ်ချက်လာရင်တော့ တော်တော်လေး ပြောလို့ရတယ်ဗျ။ ဆရာဝန်ကြီးကိုယ်တိုင်ကို သူကိုယ်သူ ရှို့သလား ဒါမှမဟုတ် တခြားသူ ရှို့သလား ဒါကပြောလို့မရဘူး။ သူက ဘာလို့လဲဆို မီးလောင်ကျွမ်းမှုကြောင့် နံပါတ်တစ် သေသည်။ နောက်တခါ မီးလောင်ခံရစဉ် အသက်ရှိသည်။ မီးလောင်ခံရစဉ် အသက်ရှိသည်ဆိုတဲ့ အခါကျတော့ သေပြီးမှ သတ်ပြီးမှ ရှို့တာမျိုး မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးတော့ ပေါ်တာပေါ့ဗျာ။ ဘာကြောင့်သေသလဲ ဆိုတာ သေမှု သေခင်း ဖွင့်ထားတယ်။ ပျဉ်းမနား ရဲစခန်း အမှတ်စဉ် ၃၆၊ ၂၀၁၂ ပါ"

အမည်မဖော်လိုသူ ရဲဝန်ထမ်းတချို့နဲ့ ဒေသခံ တချို့ကတော့ ရဲအုပ် ဝင်းမင်းသန့်ဟာ မိမိကိုယ်ကို မီးရှို့ သတ်သေသွားတာ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။ သေဆုံးသူ ရဲအရာရှိရဲ့ ရုပ်အလောင်းကို နေပြည်တော် ခုတင် (၁၀၀၀) ဆန့် ဆေးရုံမှာ လောလောဆယ် ထားရှိပြီး သက်ဆိုင်ရာ မှုခင်းဆရာဝန်တွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။

အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ အခုလို ရဲတပ်ဖွဲ့ အရာရှိတစ်ဦး ပထမဦးဆုံး ကိုယ့်ကိုကိုယ် မီးရှို့အဆုံးစီရင် သွားတယ်လို့ ယူဆရတဲ့ မှုခင်းဖြစ်တဲ့အတွက် ဒေသခံတွေကြားမှာ အထူးတလည် စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

From the time of
Naypuidaw Ye(police:military replace to police), really good policemen were in hell. Those military changed policemen encouraged and cooperated the criminers and taking big parts ( sometime almost) of shares. Gradually thief's were no of
profit. All those things were known by origional policemen of crime intelligentsia and crime preventing policemen. Old peoples of them are even scotlandyart trained. The best officers of them were killed in 8888 uprising because they knew too much of policemilitarymen's crimes. When they died they lost their own mind by mental drug and induced their mind to commit poisoning to drinking water of demonstraters.

Dec 02, 2012 02:47 AM

(

အခွင့်အရေးနဲ့ပတ်သက်လာရင် လူကြီးတွေနဲ့နီးစပ်တဲ့သူတွေဘဲယူပါတယ်။ ယိုးဒယားနိုင်ငံ ယာယီ ပတ်စပို့ (၅)နေရာကို အလှည့်ကျလွှတ်တော့ တပ်ဖွဲ့မှူး ရုံးခန်းက (၃)ဦး ဘန်ကောက်၊ ရေးထောက်က (၅)ဦး (၅)နေရာ၊ ကျန်တဲ့ဌာနကလူတွေ ကျတော့ သူတို့မလို ချင်တဲ့နေရာတွေ၊ အဲဒီကောင်တွေအားလုံး ရန်ကုန် ပတ်စပို့ရုံးနဲ့ နေပြည်တော် တစ်လစီတာဝန်ကျတွေရဲ့ချည်းပါဘဲ၊ ထမင်းစားတဲ့ဦးနှောက်နဲ့ စီမံခန့်ခွဲဖို့ အကြံပြုချင်ပါတယ်

Sep 06, 2012 03:23 PM

(

ကျွန်တော်တို့တပ်ဖွဲ့ဝင်များအောက်ခြေမှာဘာတွေဖြစ်နေတယ်ဆိုတာလူကြီးတွေစိတ်မ၀င်စားတာကြာလို့ပါ။၂၀၀၄ကတည်းကပျက်စပြုတဲ့တပ်ဖွဲ့မှာဒီ(၁)ယောက်သေတာနဲသေးတယ်။ကျွန်တော်တို့အခြားဆင့်တွေဆိုသေချင်တာကြာလှပြီ။အကြံဖန်ဆိုငါဆ၇ာ အလုပ်ဆို၇င်မင်းတိုံ့လုပ် ဆိုတဲ့လူတွေေ၇ာက်ကတည်းကပါ။တပ်ဖွဲ့မှူးကြီးသိသင့်တာလည်းကြာပါပြီ

Sep 05, 2012 01:21 PM

အမည်မဖော်လိုသူ

စစ်ပုလိပ်တွေေ၇ာက်လာကတည်းက၇ဲတွေသေချင်ကြတာကြာလွန်းလို့စံပြလုပ်ပြသွားတာဖြစ်မSmyg

Sep 05, 2012 03:36 AM

အမည်မဖော်လိုသူ

ဖီအားများလွန်းလို့ဖြစ်မှာပါ

Sep 05, 2012 03:31 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.