ရဲတပ်ဖွဲ့က အကြမ်းဖက် ၀င်ရောက်စီးနင်းမှုကြောင့် ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော် အခြေချနေထိုင်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ မနေ့က အဓမ္မ ဖယ်ရှားဖို့ အကြမ်းဖက် ၀င်ရောက်စီးနင်းရာမှာ ကိုချစ်မိုးဆိုသူကို ရဲတွေက လက်ထိပ်ခတ် ဖမ်းဆီးပြီးနောက် တစ်နာရီကြာလောက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြတယ်လို့ သိရပါတယ်။
2012-08-22
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
slum-resident-b305
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က ရဲတပ်ဖွဲ့များ အဓမ္မ၀င်ရောက် စီးနင်းခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သည့် မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော် နေထိုင်သူတစ်ဦးကို တွေ့ရစဉ်။
RFA

ကာယကံရှင် ကိုချစ်မိုးက-

"ကျွန်တော့်ကို လက်ထိပ်ခတ်တာ လက်ထိပ်က ၂ ခုဆိုတော့ ဒီကိုရိုက်တာ။ ကုတင်ပေါ်ကနေ ကျွန်တော့် အမေကို ဆွဲချလိုက်တော့ ကျွန်တော့်အမေ အောက်ကလဲသွားတဲ့ အချိန် ကျွန်တော်ကနေပြီးတော့ အမေ့ကို မလုပ်နဲ့ဆိုပြီးတော့ ကျွန်တော်က ဖယ်လိုက်တော့ သူကနေပြီး ကျွန်တော့်ကို ဆွဲပြီးတော့ ရိုက်နှက်ပြီးတော့ လက်ထိပ်ခတ်ပြီးတော့ မြေကြီးထဲကို ခြေဆင်းခိုင်းတယ်။ ခြေမဆင်းလို့ဆိုပြီး ခြေထောက်ကို ဖနောင့်နဲ့ ပေါက်တာ။ ကျွန်တော့် နောက်ကျောတွေရော ကန်တယ်။ နားအုံတွေလည်း ရိုက်တယ်။ ခေါင်းတွေရော၊ ဆံပင်ဆွဲဆောင့်ပြီး မြေကြီးထဲမှာ ခေါင်းကို နှိမ်ထားတယ်။ ပြူတင်းပေါက်က တိုင်နဲ့ ကျွန်တော့်ခေါင်းကို ချတယ်။ နံတွေလည်း သူ့ဘွတ်ဖိနပ်နဲ့ ကျွန်တော့်ကို ကန်တယ်"

သူ့ကို ဖမ်းဆီးနှိပ်စက်နေချိန်မှာ မန္တလေးအခြေစိုက် သတင်း မီဒီယာသမားတွေ ရောက်လာတဲ့အတွက် အာဏာပိုင်တွေက လက်ထိပ်ဖြုတ်ပြီး ပြန်လွှတ်ပေးလိုက်တာကြောင့် သက်သာရာ ရသွားခဲ့တယ်လို့ ကိုချစ်မိုးက ပြောပါတယ်။

မနေ့က အဓမ္မ ၀င်ရောက်စီးနင်းပြီး ရိုက်နက်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သူ (၇) ဦးဟာ မန္တလေး ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနမှာ ကုသမှု ခံယူခဲ့ကြတယ်လို့ သိရပါတယ်။ လူနာ ၆ ဦးက ညတွင်းချင်း ဆေးရုံ ဆင်းလာခဲ့ရပေမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကတော့ ဆက်လက်ကုသမှု ခံယူနေရဆဲပဲလို့ သိရပါတယ်။

သေနတ်နဲ့ အရိုက်ခံရတာကြောင့် သတိမေ့မျောသွားတဲ့ နှလုံးရောဂါသည် ဒေါ်ခင်အုန်းမြင့်ဆိုသူ အမျိုးသမီးကတော့ ဆေးကုသဖို့ စရိတ် မတတ်နိုင်တာကြောင့် မနေ့က ဆေးရုံမတက်ခဲ့ရပေမယ့် ဒီကနေ့မှာတော့ ရပ်ကွက်က ကူညီလှူဒါန်းတဲ့ စရိတ်နဲ့ ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

မနေ့ က ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကြောင့် ရပ်ကွက်သားတွေဟာ အချိန်မတော် ၀င်ရောက် အကြမ်းဖက်စီးနင်းခံရမှာ စိုးရိမ်ထိန့်လန့်နေကြတဲ့အတွက် ညလုံးပေါက် မအိပ်ခဲ့ကြဘူးလို့ ရပ်ကွက်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"နောက်တခေါက်ဝင်မယ်။ နောက်တခေါက် ဒီလိုဖြစ်ဦးမယ် ဆိုတော့ ကျွန်တော်တို့အားလုံး တအားကို စိုးရိမ်နေကြပါတယ်။ အကုန်လုံးကလည်း မအိပ်ရဘူး။ ကလေး လူကြီးကအစ ဒီလမ်းပေါ်မှာ နေနေရတယ်။ ကိုယ့်အိမ်ထဲကို ဝင်မအိပ်ရဲလောက်အောင်ကို ဖြစ်နေရတယ်"

မြရည်နန္ဒာရပ်ကွက်ကို လုံခြုံရေး ရဲတပ်ဖွဲ့တွေ ဒီကနေ့ ထပ်မံ လာရောက်စီးနင်းဖို့ ရှိတယ်လို့ မန္တလေးမြို့မှာ မနက်ပိုင်းကတည်းက သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပေမယ့် ညနေ (၅) နာရီအထိ လာရောက်မှု မရှိသေးဘူးလို့လည်း သိရပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အောင်သာယာသား

နေရပ်- အောင်သာယာရပ်ကွက်

အဲဒီရပ်ကွက်မှာ ကျူးနေတဲ့သူတွေကနေ တဆင့်တက်ပြီး အကွက်ရိုက်နေထိုင်တာ ကြာပါပြီ။ ပွဲစားတွေကလဲ ရောင်းစား ကြတာပါ။ တကယ်တော့ ဘယ်သူပိုင်မှန်းတော့ မသိသေးဘူး စီမံကိန်း လိုလို ဘာလိုလိုပဲ ဒါပေမဲ့ အကွက်ရိုက်နေထိုင်တာ (၆)လလောက် ကြာပြီ စပြီး နေထိုင်ကြတုန်းကတော့ ဘယ် အာဏာပိုင် (ဘယ်အစိုးရ)ကမှ လာပြီး မကန့်ကွက်ဘူး အခုမှ လုပ်တယ်ဆိုတော့.... စဉ်းစားကြည့်ပါ။ မန္တလေး တမြို့လုံး တရုတ်လက် အပ်ချင်လို့ နေမှာပေါ့။

Aug 26, 2012 09:59 AM

ဝင်ပေါင်

နေရပ်- ဘန်ကောက်

သုတပါးပိုင်ဆိုင်တဲ့ နေရာမှာအတင်းဝင်ရောက်နေထိုင်တာမဖြစ်သင့် မှန်းသတင်းဌာနတွေကမပြောကြပါလား

Aug 23, 2012 06:01 AM

အမည်မဖော်လိုသူ

STOP! bullying on poor people, they are our citizens too, if you guys want their lands, make the news places for them. If their life is good and living well, then our country can be go to International standard, if not still poor country like that now, it is not right solution for that problem. Think carefully officers, you have right to choose decision for them poor and pity people.

Aug 23, 2012 12:25 AM