ရွှေပြည်သာမြို့နယ် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အဆောက်အဦးကို ဗုံးဖောက်ခွဲမှုမှာ တရားခံဖြစ်တယ်ဆိုပြီး တရားဥပဒေနဲ့ မညီညွတ်တဲ့ သက်သေခံတွေကို တရားသူကြီးက လက်ခံခဲ့ပြီး ဦးမြင့်အေးကို ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ဦးမြင့်အေးရဲ့ ဥပဒေအကျိုးဆောင်ဖြစ်သူ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရှေ့နေဦးခင်မောင်ရှိန်က ပြောပါတယ်။
လက်ရှိအစိုးရသစ်ရဲ့ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲများနဲ့ အမေရိကန်သမ္မတအိုဘားမားရဲ့ အလည်အပတ်ခရီးစဉ်တွေကြောင့် ဦးအေးမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွှတ်မြောက်လာမယ်လို့ ရာနှုန်းပြည့်မျှော်လင့်ထားကြောင်းလည်း ဦးမြင့်အေးရဲ့ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းက RFA ကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိလွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ပြည်နယ်နဲ့ တိုင်း ၉ခုက လူ့အခွင့်အရေးအဖွဲ့ဝင်တွေရဲ့ လက်မှတ်ပေါင်း တစ်သောင်းကျော်ကို နိုင်ငံတော်သမ္မတနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကို ပေးပို့သွားမယ်လို့ သိရပါတယ်။
လူ့အခွင့်အရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးမြင့်ဟာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီဆောင်ရွက်နေစဉ် ၂၀၀၈ခုနှစ် သြဂုတ်လ ၈ရက်နေ့မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရပြီး (၁၃/ ၅) (၁၇/၁) ဖောက်ခွဲ ၅ပုဒ်မများနဲ့ ထောင်ဒဏ် ၈နှစ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံရပြီး ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတာ ဖြစ်ပါတယ်။