နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်လည်စိစစ်

နောက်ဆုံး စုဆောင်းရရှိတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းကို လာမယ့် သီတင်းပတ်ထဲမှာ ထုတ်ပြန်မယ်လို့ အကျဉ်းထောင် အသီးသီးမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်း စိစစ်ကောက်ယူနေသူတွေက အာရ်အက်ဖ်အေကို ပြောပါတယ်။

0:00 / 0:00

ဒီစာရင်း အတိအကျ ထုတ်ပြန်နိုင်ဖို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှု လက်မှတ်များ စုဆောင်းတဲ့အဖွဲ့ (Signature Campaign) က ကြိုးပမ်းနေတာပါ။ လောလောဆယ် စိစစ်ထားပြီးစာရင်းအရ နိုင်ငံရေး အကျဉ်းသား ဦးရေ ၅၅၀ လောက်ရှိပြီး အင်းစိန်ထောင်မှာ ရှိနေတဲ့ စာရင်းကို အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေကြောင်း ဦးဆောင်စိစစ်နေသူ ကိုတိုးကျော်က ပြောပါတယ်။ အင်းစိန်ထောင်တစ်ခုတည်းမှာ နိုင်ငံရေး အကျဉ်းသားဦးရေ ၂၀၀ လောက်ရှိနိုင်ကြောင်း ဦးတိုးကျော်လှိုင်က ပြောပါတယ်။ နောက်ဆုံး စိစစ်ပြီးစာရင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးခွဲတွေ၊ အမေရိကန် စင်တာ (American Center) နဲ့ တခြား အစိုးရခွင့်ပြုတဲ့ နေရာတွေမှာ အများပြည်သူတွေ သိရှိနိုင်အောင်နဲ့ စာရင်းမှာ မပါသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ သတင်းပေးပို့နိုင်အောင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့တကွ ထည့်သွင်း ကြေညာမယ်လို့ ကိုတိုးကျော်လှိုင်က ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး (Signature Campaign) အဖွဲ့က ကိုတိုးကျော်လှိုင်ကို ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်။