နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ရှိ ပြည်သူ့လွှတ်တော် အရာရှိတစ်ဦး ပြော

2011-12-29

မြန်မာအစိုးရဟာ လာမယ့် ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့နဲ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ နောက်ထပ် လွှတ်ပေးဖွယ်ရှိတယ်လို့ ပြည်သူ့လွှတ်တော် အရာရှိတစ်ဦးက မနေ့က ပြောကြားလိုက်ပါတယ်။

(Photo: AFP)

မြန်မာပြည်မှ နိုင်ငံရေးအကျဉ်းသားများ၏ ဓာတ်ပုံနှင့် မှတ်တမ်းများကို ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ရုံးတွင် ပြသထားပုံ ဖြစ်ပါသည်။ (Photo: AFP)

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို များမကြာခင် ကာလမှာ ထပ်မံလွှတ်ပေးဖို့ သေချာတယ်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုက နေပြည်တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား ဘယ်နှဦး လွှတ်ပေးမယ်ဆိုတာကိုတော့ အသေးစိတ် မပြောပါဘူး။

တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ ရထားပို့ဆောင်ရေး ၀န်ကြီး ဦအောင်မင်းကလည်း လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုနေ့တွေမှာ အကျဉ်းသားတွေကို အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ရှိကြောင်း မကြာသေးခင်က ပြောဆိုခဲ့တယ်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကနေ ၁၅၀၀ ကျော်အထိ ရှိနိုင်တယ်လို့ အတိုက်အခံတွေက ခန့်မှန်းထားပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ရန်ကုန်သင်္ကြန် ဗုံးခွဲမှု တရားစွဲခံရသူ ကျန်းမာရေးချို့တဲ့

နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် စိတ်ဖိစီးမှုဝေဒနာ

မတရားရယူတဲ့ ဖြောင့်ချက်များနဲ့ အပြစ်ပေးခံရသူတွေ လွှတ်ပေးရေး တောင်းဆို

အစိုးရတပ်က ဖမ်းထားတဲ့သူတွေအရေး တရားရုံးချုပ်ကို တင်သွင်း

နိုင်ငံရေး အကျဉ်းသားစာရင်း ထုတ်ပြန်ပေးရန် အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

ကိုငြိမ်းလူ ဈာပန ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်

နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ပဲခူး NLD ဂုဏ်ပြု

နိုင်ငံရေးသမားတွေ ထပ်လွတ်ဖို့ ကြိုးစားမယ်လို့ အစိုးရကော်မရှင် ပြော

ထွက်ချက်ပေးဖို့ အနှိပ်စက်ခံရကြောင်း ကာယကံရှင်တွေ ပြော

နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်စစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော