နိုင်ငံရေး အကျဉ်းသားစာရင်း ထုတ်ပြန်ပေးရန် အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

2012-02-02

မြန်မာအစိုးရက ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်း လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ၂၉၉ ဦးရှိပြီး အကျဉ်းထောင် အသီးအသီးမှာ ဆက်လက် ချုပ်နှောင်ခံထားရဆဲ နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၇၀၀ လောက်ရှိတယ်လို့ AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။

Photo: AFP

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ဦးဆောင်ကာ မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတခု အဖြစ် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

ဇန်န၀ါရီ ၁၃ ရက်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၁၃၀ ပါဝင်ပြီး အခုသီတင်းပတ် အတန်ကြာ စာရင်း အသေးစိတ် ကောက်ယူ ပြုစုပြီးတဲ့နောက် လွတ်မြောက်သူ နိုင်ငံရေး အကျဉ်းသား ၂၉၉ ဦးရှိခဲ့ကြောင်း စာရင်း ထုတ်ပြန်နိုင်ခဲ့တာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ရုံး အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သုတေသီ Benjamin Zawacki က ပြောပါတယ်။

မြန်မာအစိုးရ အနေနဲ့ ကုလသမဂ္ဂရဲ့အကူအညီယူပြီး နိုင်ငံရေး အကျဉ်းသားစာရင်း ပြုစုရေးနဲ့ နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆို သတ်မှတ်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ခေါ်ယူ ကျင်းပသင့်ကြောင်း၊ လွတ်မြောက်ပြီး နိုင်ငံရေး အကျဉ်းသားစာရင်းနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားစာရင်းတွေကို အများပြည်သူ သိအောင် ရှင်းရှင်းလင်းလင်း ထုတ်ပြန် ကြေညာသင့်ကြောင်း Mr. Zawacki ပြောသွားပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ရန်ကုန်သင်္ကြန် ဗုံးခွဲမှု တရားစွဲခံရသူ ကျန်းမာရေးချို့တဲ့

မှန်ကန်စွာရွေးချယ် မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ကျောင်းသားတွေ နိုင်ငံရေး ကင်းရှင်းရင် အခွင့်အရေးပေးမယ် ပါမောက္ခချုပ် ပြော

နိုင်ငံရေးလုပ်ရင် အရေးယူမယ်လို့ ကျောင်းအုပ်ကြီး ပြော

နိုင်ငံရေး လုပ်တဲ့အခါ ပြည်သူကို မလှည့်ဖြားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် စိတ်ဖိစီးမှုဝေဒနာ

မတရားရယူတဲ့ ဖြောင့်ချက်များနဲ့ အပြစ်ပေးခံရသူတွေ လွှတ်ပေးရေး တောင်းဆို

အစိုးရတပ်က ဖမ်းထားတဲ့သူတွေအရေး တရားရုံးချုပ်ကို တင်သွင်း

ကိုငြိမ်းလူ ဈာပန ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်