အဲဒီ ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ကို ကော်မတီလေးရပ်၊ နိုင်ငံရေး အကျဉ်းသားဟောင်း (၅၀) ကျော်နဲ့ ဖွဲ့စည်းလိုက်ပြီး တစ်နိုင်ငံလုံးက မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ လွတ်မြောက်ဖို့အတွက် ရန်ကုန်က နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြည်ခရိုင် နိုင်/ကျဉ်းအဖွဲ့ဝင် ကိုကျော်ဆန်းက RFA ကိုပြောပါတယ်။
အခု ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှာ ပြည်၊ သဲကုန်း၊ ပေါက်ခေါင်း၊ ပေါင်းတည်နဲ့ ပတ်ဝန်းကျင် ဒေသတွေက နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ပါဝင်ခဲ့ကြပြီး အဲဒီအခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို အပါအ၀င် ကျောင်းသား (၇) ဦးလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။