နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကနေဒါ အလုပ်သမားသမဂ္ဂ တောင်းဆို

2011-11-07

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးက နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ ကနေဒါ ပြည်သူ့ဝန်ထမ်း အလုပ်သမား သမဂ္ဂအဖွဲ့ ကိုယ်စားလှယ် ၄၀၀ ကျော်က နိုဝင်ဘာ ၇ ရက် မနေ့က တောင်းဆိုလိုက်ကြပါတယ်။

PHOTO: AFP

နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)

ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့မှာ ကျင်းပတဲ့ ကနေဒါနိုင်ငံရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂ အဖွဲ့တစ်ခု ဖြစ်တဲ့ CUPE ရဲ့ ညီလာခံမှာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့ရာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက တောင်းဆိုချက်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း ကနေဒါ မြန်မာ့မိတ်ဆွေများ အဖွဲ့ CFOB တာဝန်ခံ ဦးတင်မောင်ထူးက အာရ်အက်ဖ်အေကို ပြောပါတယ်။

ဒါ့အပြင် မြို့နယ် အသီးသီးက အလုပ်သမား အဖွဲ့ဝင်တွေဆီက ထောက်ခံချက် ထပ်မံရရှိဖို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကိုယ်စားလှယ်တွေက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီလှုပ်ရှားမှုကို CUPE အဖွဲ့၊ ကနေဒါ အခြေစိုက် CUSO-VSO လို့ခေါ်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဆောင်ရွက်ရေး အဖွဲ့နဲ့ ကနေဒါ မြန်မာ့မိတ်ဆွေများ အဖွဲ့ CFOB တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အခုရရှိတဲ့ လက်မှတ်တွေကို မကြာခင် ရက်ပိုင်း အတွင်း ကနေဒါနိုင်ငံရှိ မြန်မာသံရုံးကို ပေးပို့မယ်လို့ သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ပုသိမ် လယ်သမားသမဂ္ဂဖွဲ့စည်းခွင့် တားမြစ်ခံရ

မြန်မာနိုင်ငံကို အကူအညီ အများအပြား ပေးမယ်လို့ ကနေဒါဝန်ကြီး ပြောဆို

ကနေဒါလွှတ်တော်မှာ မြန်မာ့လူ့အခွင့်အရေး အခြေအနေ ကြားနာ

ကနေဒါကလည်း ပိတ်ဆို့မှုတွေ ဆိုင်းငံ့

တိုင်ရီ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် လျှောက်ထား

မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နိုင်ငံရေးအကျဉ်းသားဟောင်းဆရာတော် ကျောင်းတက်ပွဲ ကျင်းပ

ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်နေတယ်လို့ ကနေဒါပြော

နိုင်ငံရေး အကျဉ်းသားတွေအတွက် နိုင်ငံရေး အကျဉ်းသားဟောင်းတွေက လှူ

ကျောင်းတိုက်က ထွက်မှာမဟုတ်လို့ ဦးဃောသိတ မိန့်ကြား