မနှင်းမေအောင် မုံရွာထောင်မှာ တိုက်ပိတ်ခံနေရ

ဦးသိန်းစိန်အစိုးရက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောဆိုတာကို မုံရွာထောင်ကနေ စာရေးသား ကန့်ကွက်လိုက်တဲ့ နိုင်ငံရေး အကျဉ်းသူ မနှင်းမေအောင် (ခေါ်) မနိုဘယ်လ်အေး ကို ထောင်ဝင်စာ ပိတ်လိုက်ပြီး၊ ထောင်တွင်း တိုက်ပိတ်ပြစ်ဒဏ် ချထားတယ်လို့ သတင်းရရှိပါတယ်။

2011.07.12
hinn-may-aung မုံရွာထောင်မှာ ထောင်ဒဏ် (၁၁) နှစ်ကျခံနေရသော နိုင်ငံရေးအကျဉ်းသူ မနှင်းမေအောင်
AAPP

ဒီကိစ္စနဲ့ပတ်သက်လို့ မနိုဘယ်လ်အေးရဲ့မိခင် ဒေါ်အေးမြင့်သန်းက RFA ကို အခုလိုပြောပါတယ်။

"ဒီတခေါက် ထောင်ဝင်စာ သွားတွေ့တဲ့အခါမှာ ထောင်ဝင်စာ မတွေ့ရဘူးလို့ ပြောတယ်။ ပြောတော့ သူ့အဖေက ထောင်ပိုင်ကြီးနဲ့ တွေ့ချင်တယ်လို့ ပြောပြီးတော့ သူ့အဖေ ထောင်ပိုင်ကို စောင့်နေတဲ့ အချိန်မှာ၊ နိုဘယ်လ် အသံနဲ့ မေမေကြီးရေ မေမေကြီးရေ ဆိုပြီးတော့ နှစ်ခွန်းထအော်တဲ့ အသံကို သူ့အဖေက ကြားလိုက်တယ်"

"အဲသလို ကြားလိုက်တဲ့ အခါကျတော့ သူ့အဖေက ပိုပြီးတော့ စိတ်သောက ဖြစ်သွားပြီးတော့ ထောင်ပိုင်ရယ်၊ ထောက်လှမ်းရေး နှစ်ယောက်ရယ်နဲ့ တွေ့တဲ့အခါမှာ သူ့အဖေကမေးတယ်။ နိုဘယ်လ် ဘာလို့ ထောင်ဝင်စာ မတွေ့ရတာလဲ။ ပြီးတော့ နိုဘယ်လ် ဘာလို့အော်တာလဲလို့ မေးတဲ့အခါကျတော့ ထောင်ပိုင်က အဲဒါကျနော် မကြားဘူးလို့ ပြောတယ်။ အပြင်က လူတွေတောင် အကုန်ကြားနေတယ်။ တထောင်လုံးလည်း တိတ်ဆိတ်သွားတယ်။ ထောင်ပိုင်ကြီး မကြားဘူးဆိုတာ အဓိပ္ပါယ်မရှိဘူးလို့ ပြောတဲ့အခါကျတော့မှ အဲဒါဆို ထောင်ဝင်စာ မတွေ့ရလို့ အော်တာ နေမှာပေါ့လို့ ထောင်ပိုင်က ပြောတယ်"

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့မှာ မနိုဘယ်လ်အေးက ကန့်ကွက်စာပို့ လိုက်တာလို့ဆိုပါတယ်။ ဒါကြောင့် အခု ဇူလိုင်လ ၇ ရက်နေ့က ဖခင်ဖြစ်သူ ထောင်ဝင်စာ သွားတွေ့တဲ့အခါမှာ ထောင်အာဏာပိုင်နဲ့ ထောက်လှမ်းရေးတွေက တွေ့ခွင့်မပေးတော့တာပါ။

ဘာကြောင့် ထောင်ဝင်စာ ပိတ်လဲလို့ မနိုဘယ်အေးရဲ့ဖခင်က ထောင်ပိုင်ကို မေးတဲ့အခါမှာ ထောင်စည်းကမ်း ဖောက်ဖျက်လို့ အထက်အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာလို့ ပြန်လည်ပြောဆို လိုက်တယ်လို့ဆိုပါတယ်။

မနိုဘယ်လ်အေးဟာ အရင်ကလည်း ထောင် (၄၂) နှစ်ချ မှတ်ခံရပြီး အဲဒီတုန်းက ထောင်ထဲမှာ (၇) နှစ် နေခဲ့ရပါတယ်။ အခုတခေါက်မှာတော့ ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-07-13 00:28

They don't have the gut to face up the TRUTH. They dare to do unscuplous things, but dare not to admit it. Period

Anonymous
2011-07-12 20:45

မကြီးနိုလ်ဘယ်ရေ..နာမည်နဲ့လူဟာလိုက်ဖက်တယ်။လုပ်ရပ်တွေကစကားပြောနေတယ်လေ။သူတာတွေအလင်းရရေးအကျဉ်းကျပေးခံနေတာဒက်ချီးနားလည်ပါတယ်။လောကမှာမြင့်မြတ်သူတွေသာလုပ်နိုင်တဲ့အလုပ်လေ။နေလိုက်ဦးတော့မကြီးနိုလ်ဘယ်ရေ..အမှန်တရားအတွက်မတန်မတရားခံနေရတာအားလုံးသိပါတယ်။ကြိုပြောထားမယ်န်ာမကြီးနိုဘယ်...လမ်းခုလပ်မှာချန်မထားကြေး။ဒက်ချီးတို့နိုင်ငံ..အာရုံကျင်းအလင်းရမှကိုယ့်တေင်ယာကိုပြန်လုပ်ကြမယ်။

Anonymous
2011-07-12 22:49

မြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ပြောတာမြန်မာပြည်သူ
ပြည်သားတွေနဲ့တကွတကမ္ဘာလုံးကိုလိမ်တာဘဲထဘီဝတ်ထားဘို့တောင်ကောင်းတယ်

Anonymous
2011-07-12 22:42

မြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ပြောတာမြန်မာပြည်သူ
တွေနဲ့တကမ္ဘာလုံးကိုဗြောင်လိမ်တာဘဲထဘီဝတ်ထားဘို့ကောင်းတယ်

Anonymous
2011-07-12 12:33

Typically, the style of tyrants, who ever oppose them/expose their wrong doing, they will hit hard/revenge hard. Shameless/lawless/irresposible/illegal Govt actions.