နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြင် ဆင်ဖို့ ပါတီတွေ တွေ့ဆုံမည်


2014.09.03
nbf-305 ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF တိုင်းရင်းသားပါတီ ၂၀ လောက်နဲ့ စုဖွဲ့ထားတာဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့က ပါတီဝင် တချို့ကို မြင်တွေ့ရစဉ်
Photo: Win Naung Toe / RFA

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးနောက် ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် နိုင်ငံရေးပါတီအားလုံးက လာမယ့် စက်တင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေ မှာ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဒီနေ့ ရန်ကုန်မြို့ Green Hill Hotel မှာ တိုင်းရင်းသားညီနောင်များဖက်ဒရေးရှင်း NBF၊ ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ်အဖွဲ့ FDA နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တို့ တွေ့ဆုံဆွေးနွေးပွဲကနေ ဆုံးဖြတ်လိုက် တာဖြစ်တယ်လို့ ဖယ်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောပါတယ်။

"ဒီနေ့ ဆုံးဖြတ်ချက်ကတော့ ကျနော်တို့ ဟာ နိုင်ငံရေးပါတီ အခန်းကဏ္ဍကလာတဲ့ အခါကျရင် ကျနော်တို့နဲ့မပြီးနိုင်ဘူး၊ ကျန်တဲ့ပါတီတွေလည်း ကျန်သေးတယ်၊ အဲ့ဒီတော့ ကျန်တဲ့ပါတီ ၆၇ ပါတီ အားလုံးအပြည့် အားလုံးရဲ့ဆန္ဒကိုယူမှပဲ နိုင်ငံရေးပါတီတွေအားလုံးရဲ့ ကိုယ်စားပြုလို့ရတဲ့ မူဘောင်ရလာမယ်၊ ဒါ့ကြောင့်မို့လို့ ဒီနေ့ အားလုံးသဘောတူချက်နဲ့ လာမယ့် ၁၃ နဲ့ ၁၄ ရက်မှာ နိုင်ငံ တွင်းမှာရှိတဲ့ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီခေါင်းဆောင် အားလုံးကိုဖိတ်ပြီးတော့ အခုလိုပဲ အလွတ်သဘောအရင်ဆွေးနွေးမယ်၊ အလွတ်သဘော ဆွေးနွေးလို့ပြီးရင် တကယ်လို့ညီညွတ် တယ်ဆိုရင် framework ဆက်ဆွေးနွေးမယ်"

ဒီနေ့ ဆွေးနွေးပွဲကို ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ဦးဆောင်ကျင်းပခဲ့တာ ဖြစ် ပြီး နိုင်ငံရေးပါတီ ၃၃ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF က နိုင်ငံရေးဆွေးနွေးပွဲမှာ တက်ရောက် သင့်တဲ့ ပါတီတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်အရေအတွက်ပုံစံကို ထုတ်ပြန်ခဲ့ပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း NBF အဖွဲ့ဝင် ဖက်ဒရယ်ပြည်ထောင်စု ပါတီက ဦးစောသန်းမြင့်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။