ပုပ္ပါးတောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ပုပ္ပါးတောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာရှိတဲ့ ပုပ္ပါးတောင်မှာ မနေ့က ကျင်းပခဲ့ပြီး ဒေသခံ ပြည်သူ တစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။
2012-08-20
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

အဲဒီဆွေးနွေးပွဲမှာ ရန်ကုန်မြို့က ထင်ရှားတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးဆောင်လှုပ်ရှားသူတွေ ဖြစ်တဲ့ ဦးအုန်း၊ ဒေါက်တာ ကျော်သူ၊ ဦးဝင်းမျိုးသူနဲ့ ကိုတာတို့  တက်ရောက် ဟောပြောခဲ့တယ်လို့ သိရပါတယ်။

ပုပ္ပါးတောင်မကြီးမှာ အစိုးရက ကျောက်နဲ့ ကျွန်းသစ်ထုတ်လုပ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာတွေကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက အလေးထား ပြောကြားခဲ့တယ်လို့ ကျောက်ပန်းတောင်းမြို့က ဒေသခံတစ်ဦးဖြစ်သူ ဦးအေးခိုင်က RFA ကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ပုပ္ပါးတောင်မှာရှိတဲ့ သစ်ပင်တွေကို အစိုးရ အာဏာပိုင်တွေက ခုတ်ထွင်ရှင်းလင်းပြီး လက်ဖက်စိုက်ခင်းတွေ အကောင်အထည် ဖော်ခဲ့တယ်လို့ သိရပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

l like peace ilove peace

Aug 21, 2012 05:50 AM

ko fatty

နေရပ်- monywa

i dont like kill tree

Aug 21, 2012 05:47 AM