ဇွန်လ ၁၉ ရက်နေ့ကျရောက်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့အတွက် အမေရိကန် ပြည်ထောင်စုရောက် မြန်မာ တိုင်းရင်းသားပေါင်းစုံက မွေးနေ့ဆုတောင်း ကဒ်ပြားတွေ ပေးပို့ကြမယ်လို့ သိရပါတယ်။
အမေရိကန် ပြည်ထောင်စုရှိ မြန်မာနိုင်ငံ တိုင်းရင်းသားပေါင်းစုံမှ ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့အတွက် ပေးပို့မည့် ပို့စကဒ်များ၏ တစိတ်တဒေသကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Event Organizers)
ဒေါ်အောင်ဆန်းစုကြည်ကို အမြဲသတိတရ ရှိနေပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ဦးဆောင်ကြိုးပမ်း နေမှုတွေကို ထောက်ခံ အားပေးကြောင်း ပြသတဲ့အနေနဲ့ အခုလို ဆောင်ရွက်တာ ဖြစ်တယ်လို့ စီစဉ်သူ အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့မှာရှိတဲ့ အင်ဒီးယားနား တက္ကသိုလ်-ပါဒူးတက္ကသိုလ် IPFW က အခြေခံ စာတက်မြောက်ရေးသင်တန်း တာဝန်ခံ ဦးကျော်သိန်းစိုးက ပြောပါတယ်။
“ခလေးတွေပေါ့လေ၊ အထူးသဖြင့် ဟိုက်စကူးတို့၊ မစ်ဒယ်လ်စကူးတို့၊ အယ်လီမင်ထရီ စကူးတို့၊ သူငယ်တန်းလေးတွေကအစ၊ တွေ့ပါလိမ့်မယ်၊ ကဒ်ထဲမှာ ကလေးလေးတွေ။ အဲဒီ ကလေးတွေတင် မကဘူး၊ တက္ကသိုလ် ဆရာဆရာမတွေ၊ ကျောင်းဆရာ ဆရာမတွေလည်း ပါတယ်ဗျ။ နောက်တခါ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ပါတယ် နော်။”
“နောက်တခါ တိုင်းရင်းသားတွေ၊ တိုင်းရင်းသားပေါင်းစုံပေါ့ဗျာ။ မွန်၊ ကရင်၊ ကယား၊ မူစလင် အကုန်ပါတယ်။ သူတို့ကလည်း ပါတယ်။ ရေးထားတာ ဘာသာပေါင်းစုံနဲ့ ရေးထားတာ ဆိုတော့ စုစည်းမှု ရှိနေတယ်၊ ထောက်ခံမှု ရှိနေတယ်၊ ပံ့ပိုးမှု ရှိနေတယ်ဆိုတာကို ပြနေတယ်ပေါ့ဗျာ။” “သူလုပ်ရင် ဘာမဆို ထောက်ပံ့မယ်၊ သူလုပ်ရင် အောင်မြင်နိုင်မယ် ဆိုတဲ့အနေအထားမျိုးကို ဒီမှာလည်း ရှိနေတယ်ပေါ့ဗျာ။ ရေခြားမြေခြား မိုင် ၅,၀၀၀ ကွာတဲ့ နေရာမှာလည်းပဲ ဒေါ်စုကို သူ့အသံကို ကြားတာနဲ့ အားလုံးက ငြိမ်၊ ရင်ဖွင့်သံတွေပေါ့ဗျာ၊ သူ့ကို ဆုတောင်းထားတာပေါ့၊ ရေးထားတာတွေ များတယ်။ အသက်ရှည်ပါစေ၊ မြန်မာနိုင်ငံ အကျိုးကို ထမ်းဆောင်နိုင်ပါစေ၊ မိသားစုနဲ့ ပြန်တွေ့ပါစေ။”
ဖို့ဝိန်းမြို့မှာ နေထိုင်တဲ့ မွန်၊ဗမာ၊ ရှမ်း၊ကရင်၊ ကယားစတဲ့ တိုင်းရင်းသား လူမျိုး အစုံအလင် လက်မှတ်ရေးထိုး ထားတဲ့ မွေးနေ့ ကဒ်ပြား ပေါင်း ၃၀၀ လောက်ကို ဒေါ်အောင်ဆန်းစုကြည်ထံ မွေးနေ့မတိုင်ခင် အချိန်မီ ရောက်ရှိနိုင်အောင် အခုလ ၁၉ ရက်နေ့မှာ စာတိုက်ကတဆင့် ပေးပို့မှာ ဖြစ်တယ်လို့ သိရပါတယ်။
အင်ဒီးယားပြည်နယ် ဖို့ဝိန်းမြို့ဟာ အမေရိကန် ပြည်ထောင်စုအတွင်း ထိုင်း-မြန်မာနိုင်ငံက ပြောင်းရွှေ့လာတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် အများဆုံးနေထိုင်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို IPFW တက္ကသိုလ်မှာ နှစ်စဉ် ကျင်းပလေ့ ရှိပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် ဆုတောင်းကဒ်ပြား ပေးပို့မဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
| ဒေါ်အောင်ဆန်းစုကြည်သို့ မွေးနေ့ ပို့စကဒ် |
|
| အသံဖိုင်ယူရန် |
ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်
ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ တခု ထပ်မံရရှိ
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ဆက်ထားမယ်လို့ မစ္စစ် ကလင်တန် ပြောဆို
ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ် အိုင်ယာလန်နိုင်ငံ ပါဝင်
မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စီမံကိန်းမူကြမ်း ရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေးခရီးစဉ် ဓာတ်ပုံများ ပြသရောင်းချပွဲ ကျင်းပ
ဒီမိုကရေစီ အတွေ့အကြုံနှင့် စာနယ်ဇင်း သင်တန်းပို့ချ
ငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ တိုင်းရင်းသားအဖွဲ့များ ဆန္ဒရှိ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုလန် ၀န်ကြီး စာနယ်ဇင်းပွဲ တက်ရောက်
ကျောင်းသားသမဂ္ဂ ပွင့်ပွင့်လင်းလင်း တည်ရှိရေး ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် ကူညီမည်
မှတ်ချက်များ
Click here to add your own comment