နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဝတ်ပြုဆုတောင်း

မတ်လ ၇ ရက် တပေါင်းလပြည့်နေ့၊ ရက်ကြီး ခါကြီးမှာ အကျဉ်းထောင်ထဲ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်မပေးရင် ဝတ်ပြုဆုတောင်းပွဲတွေ လုပ်သွားမယ်လို့ အာဏာပိုင်တွေကို အသိပေးထားတဲ့အတိုင်း၊ ဒီကနေ့ မွန်းလွဲပိုင်းမှာ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်က အရှင်ဝီရသူနဲ့ သံဃာတော်တွေဟာ မန္တလေး မဟာမြတ်မုနိဘုရားမှာ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။

အခုလို ဝတ်ပြုဆုတောင်းတဲ့ လှုပ်ရှားမှုကို လုပ်သွားမယ်လို့ အရှင်ဝီရသူက မနေ့တုန်းကတည်းက ကြေညာထားခဲ့တာပါ။ ဒီကနေ့ မနက်ပိုင်းမှာတော့ အာဏာပိုင်တွေက သူ့ဆီကို စာပေးပို့ တားမြစ်ခဲ့ကြောင်း အရှင်ဝီရသူက RFA ကို မိန့်ပါတယ်။

ဒီဝတ်ပြုဆုတောင်းပွဲကို သံဃာတော် အင်အား ၂၀၀ ကျော်အပါအဝင်၊ လူပရိသတ် စုစုပေါင်း ၅၀၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့ မိန့်ပါတယ်။ ယူနီဖောင်းဝတ်နဲ့ အရပ်ဝတ်လုံခြုံရေး ၅၀ လောက်က ဓါတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်တာကလွဲပြီး တခြားအနှောင့်အယှက် မရှိဘူးလို့ဆိုပါတယ်။

ဒီဆုတောင်းပွဲနဲ့ ပတ်သက်ပြီး အရှင်ဝီရသူကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။

0:00 / 0:00