၂၁ရာစု ပင်လုံအကြို ထိပ်သီးဆွေးနွေးပွဲ ရှေ့လ ကျင်းပနိုင်ဖို့ စီစဉ်နေ

2016-06-27
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့က စတင်ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံကို မြင်ရစဉ်
ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့က စတင်ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံကို မြင်ရစဉ်
photo: RFA/ Sai Htun Aung lwin

မကြာခင်ကျင်းပမယ့် ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီိလာခံမှာ လက်နက်ကိုင် တိုင်းရင်းသားတွေ အားလုံး ပါဝင်ဆွေးနွေးနိုင်ဖို့၊ အဖွဲ့အားလုံးရဲ့ ဘုံရပ်တည်ချက်ကို တင်ပြနိုင်ဖို့၊ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ထိပ်သီးအစည်းအဝေးကို ဇုလိုင်လအတွင်း ကျင်းပနိုင်အောင် စီစဉ်နေပါတယ်။

အဲ့ဒီ ထိပ်သီးအစည်းအဝေး ဖြစ်မြောက်ရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့က အဆိုပြုခဲ့တာဖြစ်ပြီး၊ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့  ၈ ဖွဲ့ကလည်း သဘောတူခဲ့ပြီးဖြစ် ပါတယ်။  ထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်ပြီး၊ စီစဉ်နေတာတွေကို UNFCတွဲဘက်အတွင်းရေးမှူး ဦးထွန်းဇော် က ပြောပြပါတယ်။

"ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများဘက်မှာ ဘုံရပ်တည်ချက် အမြင် သဘောထားတွေပေါ့နော် စုစည်းထားဖို့ လိုအပ်တယ်၊ အဲ့အပေါ်မှာ အထောက်အကူဖြစ်စေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးပါဝင်တဲ့ စုံညီအစည်းအဝေးတစ်ခု လုပ်မယ်ဆိုပြီးတော့ အဲ့လိုသဘောထား ချမှတ်ထားပါတယ်၊ လောလောဆယ်တော့ ပြင်ဆင်ရေးကော် မတီ ဖြစ်မြောက်ရေးပေါ့နော် အဲ့ဒါလုပ်ပြီးတော့မှ ကြိုးပမ်းနေပါတယ်၊ အဲ့ကနေတဆင့် အဖွဲ့အားလုံးပါဝင် တဲ့ ကျင်းပရေးကော် မတီဖြစ်စေပေါ့နော် အလုပ်အဖွဲ့ ဖွဲ့ပြီးတော့ ကျနော်တို့ ကျင်းပသွားဖို့ အတွက် လောလောဆယ် အနေအထား အတွက် ပြင်ဆင်နေပါတယ်"

ညီလာခံကျင်းနိုင်ရေးနဲ့ ပတ်သက်ပြီး UNFC တွဲဘက်အတွင်းရေးမှူး ဦးထွန်းဇော် ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့