သမ္မတ ဦးသိန်းစိန် မြန်မာနိုင်ငံပြန်လည်ရောက်ရှိ

အမေရိကန်နိုင်ငံကို (၈) ရက်ကြာခရီး သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ထောင်နဲ့ချီတဲ့ ပြည်သူတွေက ဒီကနေ့ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။
2012-10-01
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
president-back-1001-b305
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် အမေရိကန်နိုင်ငံခရီးမှ ပြန်လည်ရောက်ရှိလာသော သမ္မတ ဦးသိန်းစိန်ကို ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုသူများနှင့်အတူ တွေ့ရစဉ်။
Photo courtesy of the President Office

သမ္မတကြီး ဦးသိန်းစိန်ကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ရန်ကုန်တိုင်း ၀န်ကြီးချူပ် ဦးမြင့်ဆွေ၊ သမ္မတအကြံပေး အဖွဲ့ဝင် ဦးတင်မောင်သန်း၊ နိုင်ငံရေးပါတီတွေ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း စတဲ့ စီးပွားရေးအဖွဲ့အစည်းတွေ အပါအ၀င် လူအင်အား (၁၀၀၀) ကျော်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှာ  လာရောက် ကြိုဆိုခဲ့ကြပါတယ်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ  အမေရိကန်နိုင်ငံ နယူးရောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ပြုလုပ်တဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့  စက်တင်ဘာလ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံက ထွက်ခွာခဲ့ပြီး ဒီကနေ့ ပြန်လည်ရောက်ရှိခဲ့တာပါ။  
ကြိုဆိုသူတွေထဲက အဆိုတော် ကိုစည်သူလွင်က RFA ကို အခုလိုပြောပါတယ်။


“ဂီတအစည်းအရုံးက လာပြီးတော့ ကြိုဆိုကြတယ်လေ၊ သူစပြီးတော့ တာဝန်ယူတဲ့ အချိန်ကစပြီးတော့ပေါ့နော်။ ပြောင်းလဲမှုတွေ အများကြီး ပြောတဲ့အတိုင်းကို လုပ်ဆောင်တာလည်း တွေ့ရတယ်။ အဲဒီအတွက် ၀မ်းသာပါတယ်။ ကျွန်တော်တို့ကတော့ အဓိက အနုပညာသမားတွေ ဆိုတော့ပေါ့နော်။ ဘယ်သူပဲ တက်လာတက်လာပါ၊ တကယ်နိုင်ငံအတွက်  အကျိုးရှိမယ့် အလုပ်တွေ လုပ်တဲ့သူကိုပဲ မျှော်လင့်ပါတယ်။ ဆက်ပြီးတော့ ဒီထက်မက အပြောင်းအလဲတွေလည်း ဆက်ပြီးတော့ ကြုံလိမ့်အုန်းမယ်၊ ဒီထက်ပိုပြီးတော့ ကောင်းလာလိမ့်အုန်းမယ် လို့လည်း မျှော်လင့်ပါတယ်။ ယုံလည်း ယုံကြည်ပါတယ်။ ကျွန်တော်တို့က လေးစားပြီးသားပ။ါ အဲဒါကြောင့်မို့ လာကြိုတာပါ။”


သမ္မတ ဦးသိန်းစိန်ရဲ့အမေရိကန်ပြည်ထောင်စုခရီးစဉ် အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ဆုံခဲ့သလို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ အပြင် အာအက်ဖ်အေ မြန်မာပိုင်းဌာန အပါအ၀င် တခြား သတင်းဌာနတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

ksh

နေရပ်- south okkalapa

ထောက်ခံပါတယ်

Oct 09, 2012 12:01 AM

သံတွဲသား

နေရပ်- သံတွဲမြို့

သမ္မတကြီးကိုလည်းကျွှန်တော်တို့အားကိုးပါတယ်

Oct 03, 2012 11:04 AM