ပြီးခဲ့တဲ့၂၀၁၂ခုနှစ်၊ မေလက စတင်ပြီး တရားရုံး တံဆိပ်ခေါင်းအခွန်တွေ ဆယ်ဆမကမြင့်တက်လာတဲ့အတွက် ဈေးနှုန်းတွေကို ထက်ဝက်အထိ ပြန်လည် လျှော့ချပေးဖို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က အခုလာမယ့်လ အတွင်းနိုင်ငံတော် သမ္မတထံ တင်ပြသွားမယ်လို့ ပြောပါတယ်။
တရားရုံး တက်ရတဲ့ ပြည်သူတွေ ကုန်ကျစားရိတ် ကြီးမြင့်လာတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က ယာယီဥက္ကဌ ဦးကြီးမြင့်က ပြောပါတယ်။
တရားရုံး တံဆိပ်ခေါင်းအခွန်တွေ မြင့်တက်မှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့၂၀၁၂ခုနှစ်၊ ဇွန်လ၁ရက်နေ့မှာ မြန်မာနိုင်ငံ ရှေ့နေများကွန် ယက်က စာတမ်းဖတ်ပွဲပြုလုပ်ခဲ့ပြီး တံဆိပ်ခေါင်းခွန်တွေ လျှော့ချပေးဖို့ နိုင်ငံတော်သမ္မတဆီ တင်ပြခဲ့ဖူးတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၁၂ခုနှစ် ၊အောက်တိုဘာလတုန်းကလည်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ရင်းနှီးမြုပ်နှံမှု ကော်မရှင် ဥက္ကဌနဲ့ သွားရောက်တွေ့ဆုံပြီး တံဆိပ်ခေါင်းခွန် လျှော့ချပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။