စာနယ်ဇင်းကောင်စီကို သမ္မတ ဦးသိန်းစိန် ငွေကျပ် သိန်း ၅ဝဝ လှူဒါန်း


2013.09.04
press-council-305.JPG ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ကို စက်တင်ဘာလ ၄ ရက်နေ့က အလှူငွေသိန်း ၅၀၀ လှူဒါန်းနေစဉ်
Photo: RFA

သမ္မတ ဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ကို အလှူငွေသိန်း ၅၀၀ လှူဒါန်းလိုက်တာကြောင့် အဖွဲ့ရဲ့ရပ်တည်ခံယူချက်တွေ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားလိုက် ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်းစီ(ယာယီ) ရုံးခန်းမှာ အလှူငွေပေးအပ်တဲ့ အခမ်းအနားအပြီး မှာ ဦးကျော်မင်းဆွေက အခုလိုပြောကြားခဲ့တာပါ။

"
စာနယ်ဇင်းကောင်စီနဲ့ အစိုးရကြားမှာ သဘောထားကွဲလွဲမှုတွေ အခုအချိန်ထိရှိတုန်းပဲ၊ အလားတူပဲ ပြန်ကြားရေးဝန်ကြီးဌာနနဲ့လည်း ကျနော်တို့ ဘယ်လောက်အထိ သဘောထားကွဲလွဲမှုရှိတယ်ဆိုတာ အားလုံးသိပြီးသား၊ အရင်ကလည်းရှိခဲ့တယ်၊ အခုလည်းရှိနေဆဲ၊ နောက်လည်းရှိအုံးမှာ၊ ဒါပေမယ့် သဘောထားကွဲလွဲမှုတွေအားလုံးဟာ အမြဲတမ်းစေ့စပ်ဆွေးနွေးတွေ့ဆုံပြီးတော့ အဖြေရှာတဲ့နည်းနဲ့ ကျင့်သုံးခဲ့တယ်၊ တချို့အချက်တွေလည်း သဘောတူခဲ့ရတယ်၊ တချို့အချက်တွေလည်းမရဘူး၊ ဒီလို သိန်း ၅ဝဝ ယူခဲ့တဲ့အတွက် ကျနော်တို့ စာနယ်ဇင်းကောင်စီရဲ့ရပ်တည်ချက် လုံးဝထိခိုက်မှာမဟုတ်ဘူး၊ နဂိုမူလ ခံယူချက်အတိုင်းပဲ ဆက်သွားမှာ”

သမ္မတဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ွဲ့ဝင်တွေ စက်တင်ဘာ () ရက်နေ့က နေပြည်တော်မှာရှိတဲ့ သမ္မတလယ်တောရိပ်သာမှ ေတေွ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဒီကနေ့မှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးပိုက်ထွေးက လာရောက်လှူဒါန်းခဲ့တာပါ။

အစိုးရက လှူဒါန်းတဲ့ အလှူငွေသိန်း ၅ဝဝ ကို စာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုသွားမှာဖြစ်ပြီး သုံးစွဲမှု ကုန်ကျစရိတ်တွေကို အစိုးရထံ ပြန်လည်ရှင်းလင်းတင်ပြသွားမယ်လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။