ပြည်ထောင်စု မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ ဘရာဇီးနိုင်ငံ သမ္မတဟောင်း Lula တို့အတွက် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခချုပ်ငြိမ်းရေးအဖွဲ့ICG က ပေးအပ်တဲ့ ငြိမ်းချမ်းရေး စွမ်းဆောင်ဆုနဲ့ ဂုဏ်ပြုညစာစားပွဲကို ဒီကနေ့မနက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာကျင်းပခဲ့ပါတယ်။
ဒီဆုပေးအပ်ရတာဟာ သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတ Lula တို့ဟာ သူတို့နိုင်ငံတွေ နှစ်ပေါင်းများစွာ အပြည်ပြည်ဆိုင်ရာ သံတမန်နယ်ပယ်နဲ့ ဒေသတွင်း အပစ်ပယ်ခံဖြစ်နေတဲ့ အခြေအနေကနေ နိုင်ငံတကာမှာ ဝင်ဆန့်လာအောင် သိသာထင်ရှားတဲ့ ခြေလှမ်းသစ်တွေနဲ့လှမ်းတက် ကြိုးပမ်းခဲ့ကြလို့ ဖြစ်တယ်လို့ ICG ရဲ့ဥက္ကဌက ပြောကြားခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်ကိုချီးမြှင့်တဲ့ ငြိမ်းချမ်းရေးစွမ်းဆောင်ဆုကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက သမ္မတကိုယ်စား လက်ခံယူမယ်လို့ သိရပါတယ်။