သမ္မတရုံး အင်တာနက်စာမျက်နှာ ဝက်ဘ်ဆိုက် ဖွင့်လှစ်

နိုင်ငံတော် သမ္မတရုံး သတင်းပြန်ကြားရေးဌာန၊ သမ္မတကြီး ဦးသိန်းစိန်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး အများပြည်သူ သိရှိအောင် အင်တာနက်စာမျက်နှာ ဝက်ဘ်ဆိုက်ကို ဒီကနေ့ တရားဝင် စမ်းသပ် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ သမ္မတရဲ့ အင်တာနက် စာမျက်နှာမှာ ဒီကနေ့ ကျင်းပတဲ့ သမ္မတနဲ့ ဝန်ကြီးများအစည်းအဝေး ဓာတ်ပုံကို ဖော်ပြထားတာ တွေ့ရှိရပြီး သမ္မတရဲ့ ပြောကြားချက်တွေကိုလည်း ဖော်ပြထားတာ တွေ့ရပါတယ်။

အစည်းအဝေးဓာတ်ပုံကို ဖော်ပြထားရာမှာ သမ္မတရဲ့ ဘေးဘက်မှာ ဒုတိယ သမ္မတ ဦးစိုင်းမောက်ခမ်းကို တွေ့ရပေမယ့် ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကို မတွေ့ရှိရဘူးလို့ The Voice ဂျာနယ် ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ ကျန်းမာရေး အခြေအနေကြောင့် အနားယူဖို့အတွက် သမ္မတထံ နုတ်ထွက်စာ တင်ထားတယ်လို့လည်း သိရပါတယ်။