ရခိုင်ပြည်နယ်က ဆူပူမှုတွေကြောင့် ဒီမိုကရေစီကူးပြောင်းရေး ထိခိုက်နိုင်တယ်လို့ သမ္မတပြောကြား

ရခိုင်ပြည်နယ်က လက်ရှိဆူပူမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကို ထိခိုက်နိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့ကပြောကြားလိုက်ပါတယ်။
2012-06-10
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
president-rakhine-riot-speech-b305
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများနှင့် စပ်လျဉ်း၍ သမ္မတ ဦးသိန်းစိန် ပြည်သူများအား မိန့်ခွန်းပြောကြားနေစဉ်။
Photo:Myanmar President office web site

အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂ ပုဒ်မခွဲ (က) အရ ဇွန်လ (၉) ရက်နေ့ ကစပြီး ရခိုင်ပြည်နယ်တွင်း အရေးပေါ်အခြေအနေအဖြစ် သမ္မတက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်တွင်း လူမျိုးစွဲ၊ ဘာသာစွဲ လက်စားချေ တုံ့ပြန်မှုတွေဟာ ကျယ်ပြန့် လာနေတဲ့အတွက် အခြားနေရာဒေသတွေကိုပါ ပျံနှံ့သွားမှာကို စိုးရိမ်မိကြောင်းလည်း သမ္မတဦးသိန်းစိန်က မနေ့က အရေးပေါ်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

ဒါအပြင် ယခုကိစ္စကို ဘာသာရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုလူတန်းစား အဖွဲ့အစည်းတွေနဲ့ မီဒီယာစာနယ်ဇင်းတွေအားလုံး ပူးပေါင်းဖြေရှင်းကြဖို့ အထူးလိုအပ်ကြောင်းအပြင် အကြမ်းဖက်မှုကြောင့် နစ်နာဆုံးရှုံးခဲ့ကြရသူတွေ အတွက်လည်း တရားမျှတမှုရှိအောင် အလေးထားဆောင်ရွက်သွားမယ်လို့ သမ္မတ ကပြောပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေထဲမှာ ဇွန်လ (၈) ရက်နေ့ ရက်စွဲနဲ့ ပုဒ်မ (၁၄၄) ထုတ်ပြန်ထားပေမယ့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ထိထိရောက်ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အပြင် ဇွန်လ (၉) ရက်နေက စစ်တွေမြို့မှာ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်ခဲ့တာကြောင့် အခုလို အရေးပေါ်အခြေအနေ ကြေညာလိုက်တာဖြစ်ပြီး တာဝန်ထမ်းဆောင်ရာမှာ တပ်မတော်ရဲ့အကူအညီကို ရယူဆောင်ရွက်မယ်လို့လည်း သမ္မတရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း စစ်တွေမြို့ကို ရောက်ရှိနေတဲ့ RFA သတင်းထောက် ကိုကျော်ကျော်အောင်က တနင်္လာနေ့ မနက်မှာ အခြေအနေတွေ တည်ငြိမ်နေကြောင်း သတင်းပို့ခဲ့ပါတယ်။

ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

စီးပွါးရေးပိတ်ဆို့မှုတွေ လျော့သွားပြီဆိုတော့ ဦးသိန်းစိန်
အစိုးရရဲ့ မျက်နှာဖုံးလည်း တဖြည်းဖြည်းကွာကျလာချင်
နေပြီပေါ့ ကွင်းလုံးကျွတ်သာလျှော့လိုက်လို့ကငတာ့
ဘီလူးရုပ် ချက်ခြင်းပေါ်လာမှာမလွဲပါဘူး။
အခုလည်း သိပ်ကြာမယ်မထင်ဘူး။
လုပ်ရိုးလုပ်စဉ် လုပ်ရပ်ဟောင်းကို စွန့်လွှတ်လိုက်ပါတော့။
ရိုးနေပြီ စစ်အစိုးရရေ။

Jun 12, 2012 01:55 AM

အမည်မဖော်လိုသူ

Don’t blame him for given protection late, Myanmar military can’t reach quickly as Paradrop like US Army, it took time to reach there. Mongdaw have those many Rohingya already settled since earlier before the Army arrived. Rakhine state is very large don't forget that.

Jun 11, 2012 11:08 AM

Myo

နေရပ်- SYD

I want people to know, president means to it will reverse from Democracy if do Military Coup when situation worse. He can order to open fire for those violent but it against Democracy. He tries to cope situation nicely. If this was a military era they have been shot. So Don't Blame to Mr.President, he seems a really nice man. To be a leader of country need to be wise, shouldn't do whatever he want.

Jun 11, 2012 10:52 AM

အမည်မဖော်လိုသူ

ဒီအချိန်ကတရားဟောနေရမဲ.အချိန်မဟုတ်ဘူးဦးသိန်းစိန်။တမင်တကာပိုပြီးကျယ်ပြန်.လာအောင်လုပ်နေတယ်လို.မြင်ပါတယ်။စစ်တပ်ကိုစောစောစီးစီးကာကွယ်ခိုင်းရင်ဒီကုလားလက်တစုတ်စာကိုနှိမ်နှင်းနိုင်ပါတယ်။စစ်တပ်ဆိုတာနိုင်ငံရေးအတွက်ငြိမ်းချမ်းစွာဆန်ဒဖေါ်ထုတ်သူတွေကိုနှိမ်နှင်းဖို.ဘဲမစဉ်းစားပါနဲ.။ဒီလိုနေရာမျိုးမှာအသုံးချပါ။

Jun 10, 2012 10:48 PM