သမ္မတဦးသိန်းစိန် ဝင်ရောက် ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ် မသိရသေး


2015.07.10
theinsein-620 ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဥက္ကဌ သမ္မတဟောင်း ဦးသိန်းစိန်ကို တွေ့ရစဉ်
Photo: President Office Website

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာ မသိသေးကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးနိုင်က ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်း အမည်စာရင်းစိစစ်နေပြီး၊ သမ္မတ ဦးသိန်းစိန်အနေနဲ့ ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိ၊ မရှိ သတင်းထောက်တွေက မေးမြန်းရာ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုးနိုင်က အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"သမ္မတကြီးက သူဂျပန်မှာတွေ့တုန်းက ပြောထားတယ်လေ၊ ပြည်သူလူထုကဆန္ဒရှိရင် သူဒုတိယအကြိမ် ပြန် အရွေးခံမယ်လို့ အဲ့လိုပဲပြောထားတယ်၊ အဲ့ဒါပဲသိတယ် ဘယ်ကရွေးကောက်ပွဲဝင်မယ်ဆိုတာတော့ အဲ့ဒါတွေ ဘာမှမသိဘူး"

သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရတာဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူနေရတဲ့ ဦးအောင်သောင်းကတော့ သူ့မဲဆန္ဒနယ်တောင်သာက ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တော့ပဲ ပါတီဗဟိုကော် မတီဝင် ဦးဝင်းမြင့်ကို တာဝန်ပေးထားတယ်လို့ သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။