မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေစဉ်အတွင်း ဝါရှင်တန်ဒီစီမြို့ Johns Hopkins တက္ကသိုလ်ရှိ နိုင်ငံတကာလေ့လာရေးဌာနနဲ့ အမေရိကန် ဝါဏိဇ္ဇအသင်းမှာ လာမယ့်တနင်္လာ(မေလ ၂ဝ ရက်)နေ့မှာ မိန့်ခွန်းစကားပြောမယ်လို့ သိရပါတယ်။
သမ္မတဦးသိန်းစိန်ဟာ မေလ ၁၈ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကိုရောက်မှာဖြစ်ပြီး မေလ၂ဝ ရက်နေ့မှာ အမေရိကန် သမ္မတအိုဘားမားနဲ့ တွေ့ဆုံမှာဖြစ်ကြောင်းနဲ့ ဒီခရီးစဉ်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဝန်ကြီး ဦးစိုးသိန်းတို့အပြင် တခြားမြန်မာအရာရှိတွေ လိုက်ပါလာမယ့် အကြောင်း RFA က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြောညာခဲ့ပြီးဖြစ်ပါတယ်။