လောလောဆယ် အထိတော့ အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပတ်သက်လို့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီထံက ဘာညွှန်ကြားချက်မှ ရောက်မလာသေးဘူးလို့ သူက ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို သမ္မတရဲ့ လွတ်ငြိမ်းခွင့် အမိန့်နဲ့ ဖြေးဖြေးချင်း လွှတ်ပေးချင်တာကြောင့် အခုလို ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပုံရတယ်လို့လည်း အဲဒီအရာရှိက ပြောကြောင်း၊ အာဏာပိုင်တွေ အနေနဲ့ သမ္မတ ဦးသိန်းစိန် အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ပြီး အာဆီယံ ထိပ်သီး ညီလာခံ မတက်ရောက်ခင် အချိန်အထိ လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့ကိစ္စကို ဆိုင်းငံ့ထားဖွယ် ရှိကြောင်း သတင်းမှာ ဆက်လက် ဖော်ပြထားပါတယ်။
