အကျဉ်းသားတွေ ကို ပြစ်ဒဏ်လျှော့ပေးဖို့ အစိုးရ ကြေညာ

၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းထောင် အသီးသီးမှာ ကျခံနေရတဲ့ အကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ပေါ့ ပေးသွားမှာဖြစ်တယ်လို့ အစိုးရက နိုင်ငံပိုင် မီဒီယာတွေကနေ ကြေညာလိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၁/၂၀၁၄ ဖြစ်တဲ့ အဲဒီထုတ်ပြန်ချက်အရ ထောင်ဒဏ် နှစ် ၄၀ အောက် ကျခံနေရတဲ့ အကျဉ်းသားတွေ အနေနဲ့ သူတို့ ကျခံနေရတဲ့ ပြစ်ဒဏ်ရဲ့ ၄ ပုံ တပုံကိုသာ လျှော့ပေါ့ ခံစားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သေဒဏ်ချမှတ်ခံရသူတွေက ထောင်ဒဏ်နှစ် အကန့်သတ်မရှိ ကျခံရမှာ ဖြစ်သလို နှစ်အကန့်သတ်မရှိ ကျခံနေရသူတွေက ထောင်ဒဏ် နှစ် ၄၀ လျှော့ပေါ့ခံစားရမှာ ဖြစ်ပါတယ်။