အင်းစိန်ထောင်တွင်း ဆေးရုံ တက်ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသား ၆ ဦးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က စပြီး အကျဉ်းထောင် လက်စွဲပါ ဥပဒေ အတိုင်း နိုင်ငံရေး အကျဉ်းသားများအား လျှော့ရက် ခံစားခွင့်ပေးရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ ရရှိရေး စတဲ့ အချက်တွေ အတွက် အစာအငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ရဲ့တောင်းဆိုချက်တွေကို အာဏာပိုင်တွေက ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသလို ဆေးကုသခွင့်လည်း မပြုတဲ့အတွက် တောင်းဆိုရတာဖြစ်ကြောင်း သိရပါတယ်။ အစာအငတ်ခံ ဆန္ဒပြ နိုင်ငံရေး အကျဉ်းသားတွေကတော့ ဦးလှမြင့်သန်း၊ ကိုမောင်မောင်တင်၊ ကိုအောင်တင်ဝင်း၊ ကိုအောင်ချိုဦး (ခ) ယူနွတ်၊ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် နဲ့ ကိုသူရစိုးတို့ ဖြစ်ပါတယ်။ သူတို့အားလုံး ကျန်းမာရေး အခြေအနေ စိုးရိမ်နေရပြီး ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ကျန်းမာရေး အခြေအနေက အဆိုးရွားဆုံး ဖြစ်တယ်လို့ သိရပါတယ်။