နိုင်ငံရေးအကျဉ်းသား စာရင်း မည်သည့်အဖွဲ့နဲ့မဆို AAPP လက်တွဲလုပ်နိုင်

နိုင်ငံရေးအကျဉ်းသား အရေအတွက် တိတိကျကျ ထုတ်ပြန်နိုင်အောင် မြန်မာ အစိုးရအပါအဝင် မည်သည့် အဖွဲ့ အစည်းနဲ့မဆို လက်တွဲဆောင်ရွက်နိုင် တယ်လို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းက ဒီနေ့ ပြောလိုက်ပါတယ်။

0:00 / 0:00

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ဦးရေ ၆ဝဝ လောက် ရှိနေပြီး ဒီထက် ပိုမိုတိကျအောင် ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တဲ့အတွက် AAPP က ထုတ်ပြန်ထားတဲ့စာရင်းနဲ့ ၁ဝဝဝ လောက် ကွာနေတာကြောင့် AAPP အသင်း အတွင်းရေးမှူး ကိုတိတ်နိုင်ကို အာရ်အက်ဖ်အေက ဆက်သွယ်မေးမြန်းတဲ့အခါ အခုလိုပြောတာပါ။

ဒါ့အပြင် ဦးရေစာရင်းက အဓိက မကျဘဲ နိုင်ငံရေးနဲ့ ပတ်သက်လို့ အဖမ်းခံထားရသူ အားလုံး လွှတ်ပေးဖို့က ပထမဦးစားပေး ဖြစ်တယ်လို့လည်း AAPP က ပြောပါတယ်။

AAPP အသင်း အတွင်းရေးမှူး ကိုတိတ်နိုင်နဲ့ အာရ်အက်ဖ်အေ ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။