အကျဉ်းထောင်မှ သားပြန်လွတ်လာလို့ မိခင်ဖြစ်သူ ဝမ်းသာလွန်ပြီး ကွယ်လွန်

2012-01-14

လွတ်ငြိမ်းချမ်းသာခွင့်အရ ပူတာအို ထောင်က ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား ကိုအောင်ကျော်ဦးဟာ နေအိမ်ကို ပြန်ရောက်ပြီးနောက် မိခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားတာ ကြုံတွေ့လိုက်ရတယ်လို့ သတင်းရရှိပါတယ်။

AFP

အကျဉ်းသားများ၏ မိသားစုဝင်တဦး မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် စောင့်နေပုံ ဖြစ်ပါသည်။ အကျဉ်းသားအားလုံးကို ထောင်ဒဏ်တနှစ်စီ လျှော့ပေါ့ပေးပြီး အင်္ဂါနေ့မှစပြီး အကျဉ်းသား ၁၇ ၀၀၀ ကို စတင် လွှတ်ပေးနေကြောင်း ဦးသိန်စိန် အစိုးရက ကြေငြာခဲ့ပြီး သော်လည်း နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အကျဉ်းထောင်တွင်း ကျန်ရှိနေသေးသည့်အပေါ် ပြည်တွင်းပြည်ပ အဖွဲအစည်းများက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။ ဓါတ်ပုံ (AFP)

ကိုအောင်ကျော်ဦးရဲ့ မိခင်ဟာ ပြီးခဲ့တဲ့လက လေဖြတ်ထားသလို၊ နှလုံးရောဂါ အခံလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သားဖြစ်သူ ပြန်လွတ်လာတဲ့အခါမှာ စိတ်လှုပ်ရှားလွန်ပြီး ရုတ်တရက် အခုလို ဖြစ်သွားတယ်လို့ ပြောပါတယ်။

ကိုအောင်ကျော်ဦးဟာ အရင်က ကျူရှင်ဆရာတစ်ဦး ဖြစ်ပြီး တိုက်ကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၂ဝဝ၇ ခု သြဂုတ်လမှာ စစ်အစိုးရက လောင်စာဆီဈေးနှုန်း ရုတ်တရက် မြှင့်လိုက်လို့ ဆန္ဒပြ တဲ့အတွက် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၃ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ရန်ကုန်သင်္ကြန် ဗုံးခွဲမှု တရားစွဲခံရသူ ကျန်းမာရေးချို့တဲ့

နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် စိတ်ဖိစီးမှုဝေဒနာ

မတရားရယူတဲ့ ဖြောင့်ချက်များနဲ့ အပြစ်ပေးခံရသူတွေ လွှတ်ပေးရေး တောင်းဆို

အစိုးရတပ်က ဖမ်းထားတဲ့သူတွေအရေး တရားရုံးချုပ်ကို တင်သွင်း

နိုင်ငံရေး အကျဉ်းသားစာရင်း ထုတ်ပြန်ပေးရန် အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

ကိုငြိမ်းလူ ဈာပန ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်

နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ပဲခူး NLD ဂုဏ်ပြု

နိုင်ငံရေးသမားတွေ ထပ်လွတ်ဖို့ ကြိုးစားမယ်လို့ အစိုးရကော်မရှင် ပြော

ထွက်ချက်ပေးဖို့ အနှိပ်စက်ခံရကြောင်း ကာယကံရှင်တွေ ပြော

နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်စစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော