အကျဉ်းကျသူများ နိုင်ငံရေး ပါတီဝင်ခွင့် တားမြစ်သည့် ဥပဒေ ပယ်ဖျက်ရေး

2011-10-05

ထောင်ဒဏ်ကျခံနေရသူတွေကို နိုင်ငံရေး ပါတီဝင်အဖြစ် ပါဝင်ခွင့် မပြုတဲ့ ဥပဒေကို ပယ်ဖျက်ရေး အပါအ၀င် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ တင်သွင်းကြောင်း သိရပါတယ်။

RFA

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ရုံးခန်းတွင် ချိတ်ဆွဲထားသော မြန်မာနိုင်ငံအတွင်း အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများပုံ ဖြစ်ပါသည်။ (Photo: RFA)

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၇ ခုထဲက ပုဒ်မ ၃ ခုကို ပြင်ဆင်ထားတဲ့ အဲဒီ ဥပဒေမူကြမ်းကို ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်လှိုင်က ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ အဆိုပြု တင်သွင်းခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က RFA ကို ပြောပါတယ်။

"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုတဲ့ ပုဒ်မ ၆ (ဂ) ကို ဘာနဲ့ အစားထိုးသလဲဆိုရင် 'ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစားလိုက်နာရေး' ဆိုတဲ့ စာသားနဲ့ ပြင်ဆင် ပြဋ္ဌာန်းဖို့ အစားထိုးတာ ရွေးကောက်ပွဲ ကော်မရှင်က ဖတ်ပြပါတယ်။ နောက် ပုဒ်မ ၁၀ (င) 'ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်း' ဆိုတာကို ပယ်ဖျက်လိုက်ပါတယ်။ ဒါကလည်း နိုင်ငံတော်ရဲ့ လက်ရှိ အခြေအနေအရ နိုင်ငံသား အခွင့်အရေးကို အလေးထားတဲ့အနေနဲ့ အဲဒီ ပြဠာန်းချက်ကို ပယ်ဖျက်ရတာဖြစ်တယ်လို့ ညွှန်းဆိုပါတယ်။ နောက်တခုက ကြားဖြတ် ရွေးကောက်ပွဲမှာ အခုကာလမှာ မှတ်ပုံ အသစ်တင်ကြမဲ့ ပါတီတွေ အနေနဲ့ အနဲဆုံး ကြားဖြတ် ရွေးကောက်ပွဲ နေရာ (၃) နေရာကို ယှဉ်ပြိုင်မှသာလျှင် ပါတီ အဖြစ် ရပ်တည်ခွင့်ရှိတယ် ဆိုတဲ့ သဘောပါ။"

လွှတ်တော်ရဲ့ ဥပဒေမူကြမ်း ကော်မတီက ဒီအချက် ၃ ချက်ကို ထောက်ခံ ဆွေးနွေး တင်ပြထားပြီး ဖြစ်ကြောင်း ဆွေးနွေးမဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ လာမဲ့ ၁၀ ရက်နေ့ နောက်ပိုင်း အမည်စာရင်း တင်သွင်းဖို့ လွှတ်တော် ဥက္ကဌက ပြောကြားထားကြောင်း သိရပါတယ်။

ဒီဥပဒေမူကြမ်း ပြင်ဆင်ချက်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး

မန္တလေးမှာ မဲဆန္ဒရှင်စာရင်း ပြင်ဆင်ကြေညာ

နိုင်ငံရေးအကျဉ်းသားဟောင်းဆရာတော် ကျောင်းတက်ပွဲ ကျင်းပ

နိုင်ငံရေး အကျဉ်းသားတွေအတွက် နိုင်ငံရေး အကျဉ်းသားဟောင်းတွေက လှူ

ကျောင်းတိုက်က ထွက်မှာမဟုတ်လို့ ဦးဃောသိတ မိန့်ကြား

ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရေး အရှင်ဝီရသူ တောင်းဆို

စာနယ်ဇင်း ဆိုင်ရာ ဥပဒေမူကြမ်း နိုင်ငံရပ်ခြား ဥပဒေတွေ ကိုးကား

ထောင်ကျခံမယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ပြော

မလွတ်သေးတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်း ပြန်လည် ပြုစုနေ

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ တိုင်းရင်းသားနယ်မြေ စစ်ပွဲရပ်စဲရေး ဆက်ကြိုးပမ်းမယ်