ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ရခိုင်ပြည်နယ်တွင်းက အခြား အကျဉ်းထောင်အသီးသီးကို ဖေဖော်ဝါရီ ၄ ရက် ဒီကနေ့ ခွဲပြီး ပို့လိုက်ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။
မြန်မာပြည်မှ နိုင်ငံရေးအကျဉ်းသားများ၏ ဓာတ်ပုံနှင့် မှတ်တမ်းများကို ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ရုံးတွင် ပြသထားပုံ ဖြစ်ပါသည်။ (Photo: AFP)
“ကျွန်မက ကိုကိုကြီး ဇနီးပါ။ ကိုဝင်းမော် အမျိုးသမီးက ထောင်ဝင်စာ သွားတွေ့နေပါတယ်။ သူလှမ်းပြောလို့ပါ။ ကိုကိုကြီးနဲ့ မောင်မောင်လတ်ကို ဘူးသီးတောင်တဲ့၊ ဇော်မင်းနဲ့ ဇေယျာဦးကို စစ်တွေတဲ့၊ ကိုဝင်းမော်ကိုတော့ ကျောက်ဖြူလို့ အဲလိုမျိုး လှမ်းပြောလို့ပါ။ ဘာကြောင့် ပြောင်းရတယ်ဆိုတာတော့၊ ကျွန်မ မသိသေးဘူး။ သူတို့ လာမှပဲ သေသေချာချာ သိမှာပေါ့နော်။”
“အခုလို ကျန်းမာရေး မကောင်းပဲနဲ့ ဟိုး ဝေးလံခေါင်ဖျားတဲ့ နေရာတွေကို ပို့လိုက်တယ်ဆိုတော့ ကျွန်မတို့ကတော့ မိသားစုအနေနဲ့ စိတ်ပူတာပေါ့နော်။”
မိသားစုဝင်တွေအနေနဲ့ ကျန်းမာရေးကို အထူးစိုးရိမ်တဲ့အတွက် မိသားဝင်တွေနဲ့ နီးတဲ့ထောင်ကို ပြောင်းရွှေ့ပေးတာမျိုးသာ ဖြစ်စေချင်တယ်လို့ မမြင့်မြင့်သောင်းက ပြောပါတယ်။
“ကျွန်မက ဒီဇင်ဘာ လကုန်ပိုင်းက ကျွန်မ သွားတွေ့တယ်။ သူ့ရဲ့ ကျန်းမာရေးက သူ့မှာ သွေးတိုး နည်းနည်း ရှိတယ်၊ ဇက်ကျီးပေါင်းရှိတယ်၊ ဂရင်ဂျီနာ ဖြစ်နေတယ်၊ အဲဒီ ဂရင်ဂျီနာက ဟို ဆေးခန်းပြနေရတာပေါ့နော်၊ အခုလို ကျန်းမာရေးမကောင်း ဖြစ်နေတဲ့အချိန်မှာ ဒီထက် ဝေးတဲ့ နေရာတွေ ပို့လိုက်တော့ ကျွန်မတော့ အရမ်းစိတ်ပူတာပေါ့နော်။ ဆေးခန်းပြလို့ ရတဲ့နေရာဆို တော်သေးတာပေါ့။ အခုဟာက ဆေးခန်းပြ မရတဲ့ နေရာတွေ ရောက်သွားပြီဆိုတော့ အရမ်းစိတ်ပူတာပေါ့။”
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၂၀၀ နီးပါး ရှိနေဆဲပဲလို့ သိရပါတယ်။|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲ နိုင်ကျဉ်းအဖွဲ့ပြုလုပ်
ရန်ကုန်သင်္ကြန် ဗုံးခွဲမှု တရားစွဲခံရသူ ကျန်းမာရေးချို့တဲ့
နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် စိတ်ဖိစီးမှုဝေဒနာ
မတရားရယူတဲ့ ဖြောင့်ချက်များနဲ့ အပြစ်ပေးခံရသူတွေ လွှတ်ပေးရေး တောင်းဆို
အစိုးရတပ်က ဖမ်းထားတဲ့သူတွေအရေး တရားရုံးချုပ်ကို တင်သွင်း
နိုင်ငံရေး အကျဉ်းသားစာရင်း ထုတ်ပြန်ပေးရန် အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
ကိုငြိမ်းလူ ဈာပန ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်
နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ပဲခူး NLD ဂုဏ်ပြု
နိုင်ငံရေးသမားတွေ ထပ်လွတ်ဖို့ ကြိုးစားမယ်လို့ အစိုးရကော်မရှင် ပြော
မှတ်ချက်များ
Click here to add your own comment