အနုပညာရှင်များကို အသုံးချပြီး ကြံ့ခိုင်ရေးပါတီစည်းရုံး

2010-10-05

နိုဝင်ဘာ ၇ ရက်နေ့ကျင်းပမဲ့ စစ်အစိုးရ ရွေးကောက်ပွဲအတွက် စစ်အစိုးရကျောထောက် နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမတ်လောင်းတချို့ဟာ ရုပ်ရှင်ဂီတနဲ့ သဘင် အနုပညာရှင်တွေကို လိုက်လံ ငှားရမ်းနေတယ်လို့ သိရပါတယ်။

(Photo: AFP)

စစ်အစိုးရက ထောက်ပံ့ အားပေးနေသော ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၏ ရုံးများကို မြန်မာနိုင်ငံ မြို့ရွာအတော်များများတွင် သြဂုတ်လ ၂၀ ရက်က ဖွင့်လှစ်ခဲ့ရာ မိုးကုတ်မြို့ရှိ ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲ အခမ်းအနားကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

မန္တလေးမြို့မှာလည်း ဒီလို အနုပညာရှင်တွေ၊ ဟာသ သရုပ်ဆောင်တွေနဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကို ငှားရမ်းနေတာ ရှိတယ်လို့ မန္တလေးမြို့နယ်ခံတဦးက ပြောပါတယ်။

“အဆိုတော်တွေ ပါမယ်ဗျာ၊ အဲဒီ ဟာသ သရုပ်ဆောင် အစုံပေါ့အစုံပေါ့။ အနုပညာရှင်တွေ၊ နောက် စာရေးဆရာတွေ ပါမယ်ပေါ့။ အဲလိုပေါ့၊ နယ်ပယ်စုံကဟာတွေ ခေါ်ပြီးတော့ လုပ်မှာပဲ။”

အလားတူပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအတွက် ဧရာဝတီတိုင်း ကော့မှူးမြို့မှာ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မဲ့ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေကလည်း ချွေးမ ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်၊ သရုပ်ဆောင် လွင်မိုးတို့နဲ့ သွားရောက် မဲဆွယ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်း သရုပ်ဆောင် လွင်မိုးက အခုလို ပြောပြပါတယ်။

“နိုင်ငံရေးလုပ်တယ်ဆိုတာ ဒါ အမျိုးသားရေးပါပဲ။ ကိုယ့်နိုင်ငံကောင်းဖို့အတွက် လုပ်ရမှာပေါ့လေ။ ခုချိန်မှာကတော့ အစိုးရကလည်း နိုင်ငံရေးကို လုပ်ခွင့်ပြုထားပြီ။ ရွေးကောက်ပွဲတွေလည်း မကြာခင်မှာ စတော့မယ်ဆိုတော့ နိုင်ငံရေးကို နည်းနည်း စိတ်ဝင်စားတဲ့အတွက် အခုလိုမျိုး သွားပြီးတော့ လေ့လာဖြစ်တယ်ဆိုတဲ့ သဘောပါ။”

လူကြိုက်များပြီး ပရိသတ်ရှိတဲ့ အနုပညာရှင်တွေကို အသုံးချတာတွေ ရှိပေမဲ့ နိုင်ငံရေး အမြင်နဲ့ ခံယူချက် ရှိဖို့လိုတဲ့အတွက် နိုင်ငံရေးအရ ထိရောက်မှုတော့ နည်းနိုင်တယ်လို့ သုံးသပ်တာလည်း ရှိပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး သရုပ်ဆောင်လွင်မိုး၊ သရုပ်ဆောင်ကျော်သူနဲ့ ရန်ကုန်ရုပ်ရှင် အသိုင်းအဝိုင်းကို ဆက်သွယ်ပြီး RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိက စုစည်းတင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်းကို တရားစွဲဆို

ကြားဖြတ်ရွေးကောက်ပွဲမှာ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်ကြားမယ်

လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အကြီးအကဲ ပြော

မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို

NLD ပါတီ ရာနှုန်းပြည့်နိုင်တဲ့ သတင်းထွက်

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ

မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ

မြောင်းမြမြို့နယ်မှာ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ မဲကြိုကောက်